GoPro MAX 360 Action Camera

တန်ဖိုး ကန်ဒေါ်လာ 499.99$

အားသာချက်

ဗီဒီယိုအရည်အသွေး 5K နဲ့ ဓာတ်ပုံဆိုရင် 5.7K အရည်အ သွေးရှိတဲ့ ၃၆၀ ဒီဂရီ ပတ်လည် ဓာတ်ပုံ၊ ဗီဒီယိုတွေရိုက်ကူးနိုင်တဲ့ Action Camera ဖြစ်ပါတယ်။ ပြည်တွင်းစျေးကွက်ထဲမှာရောက် ရှိနေပြီ။ 1-Chip CMOS ထောက်ပံ့ပေးထားပြီး ဓာတ်ပုံမှာ 5760 x 2880 အရည်အသွေးရှိပုံ တွေကို ရိုက်ကူးနိုင်သလိုဗီဒီယို ပိုင်းမှာ 4992 x 2496 360° Video အရည်အသွေးနဲ့ရိုက်ကူး နိုင်ပါတယ်။ ဗီင်္ဒီယို ရိုက်ကူးမှုကို ရုပ်တည်ငြိမ်ရေး Video Stabilization အတွက် HyperSmooth Video Stabili-zation ထောက်ပံ့ပေးထားပါ တယ်။ Horizon leveling ထောက်ပံ့ပေးထားသလို GPS နဲ့ motion sensors တွေလည်း ထောက်ပံ့ပေးထားပါတယ်။ရုပ် သံအတွက် အသံဖမ်းယူဖို့ Six-channel 360° audio capture လည်း ထောက်ပ့ံပေးထားပါ တယ်။ပိုပြီးထူးခြားတာက အသံနဲ့ တစ်ချို့သော စေခိုင်း ချက်တွေ ဆောင်ရွက်နိုင်တဲ့ Voice Control စနစ်ပါ၀င်လာပါတယ် ။ရေအောက် (၁၆) ပေအထိ ဆင်းပြီး ရိုက်ကူးနိုင်မှာပါ။ ထိတွေ့ စေခိုင်းနိုင်တဲ့ 2″ အရွယ်ရှိ Touch Zoom Framing via Intuitive LCD မျက်နှာပြင် ထောက်ပံ့ပေးထားပါတယ်။Live streaming လုပ်ဆောင်နိုင်ပါတယ်။

အားနည်းချက်

Buil-in Memory မပါတာ ကတော့ အားနည်းချက်သဖွယ် ရှိပါတယ်။ ပြီးတော့ ထပ်မံထည့် သွင်းနိုင်တဲ့ memory card ကလည်း 128GB ထက် ကျော် လို့မရပါဘူး။

သုံးသပ်ချက်

4K နဲ့ ရိုက်ရင် up to 60 fps, 1440p နဲ့ရိုက်ယူရင် up to 120 fps ရရှိနိုင်ပြီး 1080p နဲ့ရိုက်ယူမယ်ဆိုရင် up to 240 fps အထိ ရရှိနိုင်လို့ Super Slow Motion ရိုက်ချက် အလန်း အစားတွေ ရရှိနိုင်ပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ PNG: 5760 x 2880 နဲ့ပါရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုမှာ 4992 x 2496 360° Video ရရှိမှာပါ ။ ISO အနေနဲ့ဓာတ်ပုံမှာ 100-800 ရရှိနိုင်ပြီး ဗီဒီယိုမှာ 400- 6400 ရရှိနိုင်ပါတယ်။ GoPro app အနေနဲ့ iOS/Android တို့မှာ အသုံးပြုနိုင်ပြီး လူမှုကွန်ရက်မှာ post, text, အပြင် Tweet နဲ့ Snapchat တွေမှာ အမြန်ဆုံး တင်နိုင်ပါတယ်။

HyperSmooth Video Stabilization ထောက်ပံ့ပေးထား တဲ့အတွက် လှုပ်ရှားမှုပုံရိပ်တွေ ကို gimbal အကူအညီမ လိုဘဲ ကောင်းမွန်စွာ ဖမ်းယူနိုင်တဲ့ အ တွက် အားကစားပြုလုပ်ချိန်၊စက် ဘီးဆိုင်ကယ် ပြိုင်စဉ်လှုပ်ရှား ပြေးလွှားနေစဉ်မှာ ပုံရိပ်ကောင်း တွေကို ဖမ်းယူနိုင်မှာဖြစ်ပါတယ်။ ရေအောက်ကို ၁၆ ပေအထိ ရေ စိမ်ခံနိုင်မှာဖြစ်ပါတယ်။ Time-lapse video , Time-lapse photo တွေကိုလည်းရိုက်ကူးနိုင်ပါတယ်။

ကွန်ပျူတာနဲ့ ချိတ်ဆက်မှုအ ပိုင်းမှာလည်း OS မရွေးချိတ် ဆက်နိုင်ပါတယ်။ အသံဖမ်းယူမှု ပိုင်းမှာ 4992 x 2496 360° Video ထောက်ပံ့ ပေးထားပါ တယ်။ အမိန့်ပေးစေခိုင်းချက် ၁၄ ခုကို နားလည်ပါတယ်။ Card Slot တစ်ခုပါ၀င်ပြီး Micro SD 128GBအထိ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Display ပိုင်းအတွက် ၂ လက်မအရွယ် Touch Zoom Framing via Intuitive LCD ထောက်ပံ့ပေးထားပါတယ်။ Rechargeable Lithium-Ion Battery Pack, 3.85 VDC, 1600 mAh ဘက် ထရီကို အသုံးပြုထားပါတယ်။ ကိုယ်ထည်အရွယ်အစားက 6.4 x 6.9 x 4.0 cm ဖြစ်ပြီး အလေးချိန် 163g ရှိပါတယ်။

-ကျော်ဇေယျ
Ref: B & H