GoPro Hero9 Black Action Camera

တန်ဖိုး – ၆၃၆,၀၀၀ ကျပ်

အားသာချက်

Action Camera တွေရဲ့ ပထမဆုံး feature သစ်အနေနဲ့ Horizon leveling စနစ်က ကင်မရာကို မြင်ကွင်းဘယ်လိုပဲ စောင်းနေစေကာမူ ဖမ်းယူတဲ့ပုံတွေကို ၄၅ ရာခိုင်နှုန်း အထိ ရေပြင်ညီအနေအထားအတိုင်း ထိန်းညှိပေးမှာ ဖြစ်ပါတယ်။ ရေအောက် ၃၃ ပေ အနက်ထိ မည်သည့် အကာအကွယ်ပစ္စည်းမှ မလိုအပ်ဘဲ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ရှေ့ Lens ကိုလည်း အရင် Hero တွေလို အဖြုတ်အတပ် ပြုလုပ်လို့ရလာပြီး အသစ်အနေနဲ့ MAX Lens Mod ကို ထပ်မံတပ်ဆင်ကာ 155’ ultra wide မြင်ကွင်းကျယ်ကင်မရာ အဖြစ် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Facebook Live Streaming ကိုလည်း Mobile app အသုံးပြုပြီး ကြားခံပစ္စည်း မလိုဘဲ 1080 full HD အရည်အသွေးနဲ့ တိုက်ရိုက် Live လွှင့်နိုင်ပါတယ်။ Webcam အဖြစ် အသုံးချဖို့ Webcam Mode အနေနဲ့လည်း တစ်ပါတည်း ပါရှိမှာဖြစ်ပါတယ်။ 1-Chip CMOS ထောက်ပံ့ပေးထားပြီး ဓာတ်ပုံကို 20MP အရည်အသွေးရှိ ပုံတွေကို ရိုက်ကူးနိုင်သလို Video ပိုင်းမှာ 5120 x 2880 at 24/25/30 fps အရည်အသွေးနဲ့ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယို ရိုက်ကူးမှု ရုပ်တည်ငြိမ်ရေး Video Stabilization အတွက် HyperSmooth 3.0 Video Stabilization ထောက်ပံ့ပေးထားပါတယ်။ ဓာတ်ပုံကို JPEG အပြင် RAW Format နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Social Media အတွက် Vertical Portrait Mode ပါထည့်သွင်းထားသလို အခြားပုံရိပ်တွေကို ပိုကောင်းစေမယ့် SuperPhoto, Auto HDR Photo, Enhancement, Face, Smile, TimeWarp Video နဲ့ Scene Detection စတာတွေပါ ထောက်ပံ့ပေးထားပါတယ်။ 9 Black မှာ ပိုထူးခြားတာက အရင်ပါနေကျ Mode တွေအပြင် Max Lens Mod, Light Mod နဲ့ Media Mod တွေပါ ပါဝင်လာတာပါ။ အသံနဲ့စေခိုင်းချက်အတွက်လည်း ပါဝင်လာပါတယ်။ Display အနေနဲ့ ၂.၂၇ လက်မအရွယ်ရှိ Fixed Touchscreen LCD ပါဝင်တဲ့အပြင် Secondary Display အနေနဲ့ Front Display လည်း ပါဝင်ပါတယ်။

အားနည်းချက်

Built-in Memory မပါတာလေးတော့ အားနည်းချက်သဖွယ် ရှိပါတယ်။ White balance အပိုင်းမှာလည်း Auto စနစ်တစ်ခုပဲ ပါဝင်ပါတယ်။

သုံးသပ်ချက်

5K နဲ့ ရိုက်ရင် 24/25/30p ရရှိနိုင်ပြီး 1080p နဲ့ ရိုက်ယူမယ်ဆိုရင် up to 240 fps အထိ ရရှိနိုင်လို့ Super Slow Motion ရိုက်ချက် အလန်းစားတွေ ရရှိနိုင်ပါတယ်။ Front Display ပါဝင်လို့ Vlogger သမားတွေအားလုံး အတွက်တော့ အရမ်းအဆင်ပြေစေပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် RAW နဲ့ပါရိုက်ကူးနိုင်ပါတယ်။ Video မှာ 5k at 24/25/30 fps ရရှိမှာပါ ။ ISO အနေနဲ့ ဓာတ်ပုံမှာ 100-6400 (auto) ရရှိနိုင်ပြီး ဗီဒီယိုမှာ 100- 6400 (Auto) ရရှိနိုင်ပါတယ်။ GoPro app ကို iOS နဲ့ Android နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်ပြီး လူမှုကွန်ရက်မှာ post, text, Tweet, or Snapchat တွေမှာ အမြန်ဆုံး တင်နိုင်မှာဖြစ်ပါတယ်။ HyperSmooth 3.0 Video Stabilization ထောက်ပံ့ပေးထားတဲ့ အတွက် လှုပ်ရှားမှု ပုံရိပ်တွေကို gimbal အကူအညီ မလိုဘဲ ကောင်းမွန်စွာ ဖမ်းယူနိုင်တဲ့အတွက် အားကစားပြုလုပ်ချိန်၊ စက်ဘီးဆိုင်ကယ် ပြိုင်စဉ် လှုပ်ရှားပြေးလွှားနေစဉ်မှာ ပုံရိပ်ကောင်းတွေ ဖမ်းယူနိုင်မှာဖြစ်ပါတယ်။ ရေအောက်ကို ၃၃ ပေ အထိ အစိမ်ခံပါတယ်။ Time-lapse video , Time-lapse photo တွေ ရိုက်ကူးနိုင်ပါတယ်။

ကွန်ပျူတာနဲ့ ချိတ်ဆက်မှုပိုင်းမှာလည်း OS မရွေး ချိတ်ဆက်နိုင်ပါတယ်။ White Balance Modes အနေနဲ့ Auto ဆောင်ရွက်နိုင်ပြီး Shutter speed အနေနဲ့ 1/25 – 1/2000 Seconds (Photo) အထိ စွမ်းဆောင်နိုင်ပါတယ်။ Built-In Mic, Built-In Speaker, Wi-Fi စတာတွေလည်း ထောက်ပံ့ပေးထားပါတယ်။

Card Slot တစ်ခု ပါဝင်ပြီး Micro SD 256 GB အထိ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ ၂.၂၇ လက်မအရွယ်ရှိ Fixed Touchscreen LCD ပါဝင်တဲ့အပြင် Secondary Display အနေနဲ့ Front Display လည်း ထောက်ပံ့ထားပါတယ်။ Rechargeable Battery Pack, 1720 mAh ဘက်ထရီ အသုံးပြုထားပါတယ်။ ကိုယ်ထည်အရွယ်အစားက 71.0 x 55.0 x 33.6 mm ဖြစ်ပြီး အလေးချိန်က 158g ရှိပါတယ်။ ပြည်တွင်းစျေးကွက်မှာ ဝယ်ယူနိုင်ပြီး တန်ဖိုးက ၆၃၆,၀၀၀ ကျပ် ဖြစ်ပါတယ်။ Image Camera & Accessories Store ဖုန်း − ၀၉ ၂၅၃၆၃ ၆၆၉ ၉ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ
Ref: B & H

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««