Google Chromecast

ဖုန်းကနေ video, audio တွေကို TV တွေပေါ်မှာ တိုက်ရိုက် ကြည့်လို့ရအောင် streaming လုပ်ပေးနိုင်တဲ့ Google Chromecast ဖြစ်ပါတယ်။ HDMI port ပါတဲ့အတွက် အဆင်ပြေပြေ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဖုန်း screen နဲ့ ကြည့်ရတာ အားမရသူတွေအနေနဲ့ Chromecast ကို TV ရဲ့ HDMI ပေါက်မှာ ထည့်သွင်းပြီး WiFi ချိတ်ကာ cast button မှာ click တစ်ချက်နှိပ်လိုက်ရုံနဲ့ ကြည့်ချင်တဲ့ content တွေကို TV မှာကြည့်နိုင်မှာ ဖြစ်ပါတယ်။ Video နဲ့ Audio streaming အတွက် Android , iOS သာမကဘဲ windows, linux, mac စတဲ့ pc တွေကနေပါ chrome browser ကတစ်ဆင့် stream လုပ်နိုင်မှာ ဖြစ်ပါတယ်။ MX player လိုမျိုး video playing app တွေမှာ cast support ပါလာတဲ့အတွက် local video တွေကိုလည်း တိုက်ရိုက်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ Google assistant သုံးပြီး voice command တွေနဲ့လည်း အမိန့်ပေးနိုင်ပါတယ်။ RAM အနေနဲ့ 2GB RAM , 4154 MB of storage ဖြစ်ပြီး CPU ကိုတော့ 4-core ARM Cortext-A55 @ 1908Mhz ထောက်ပံ့ပေးထားပါတယ်။ ရုပ်ထွက် အနေနဲ့ Max video resolution: 4K/60 fps, Supported HDR formats: HDR10, HDR10+, Dolby Vision အထိ ရရှိမှာဖြစ်ပြီး HDMI, USB-C Ports တွေပါဝင်ပါတယ်။

တန်ဖိုးက ၈၇,၀၀၀ ကျပ် ဖြစ်ပြီး Technoland ဖုန်း ၀၉ ၉၇၀၀ ၃၅၁၀၄ (ရန်ကုန်) ၀၉ ၉ ၆၇၉ ၁၈၀၆၀ (မန်း)၊ ၀၉ ၉ ၇၆၀၁၈၃၉ ၃ (နေပြည်တော်) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««