Google Web Font တွေကို Font Manager ကနေ Download လုပ်ပြီးထည့်သွင်းနိုင်

Ubuntu OS သုံးစွဲသူတွေအနေနဲ့ Google Web Font တွေကို ထည့်သွင်း သုံးစွဲချင်တယ်ဆိုရင် Font Manager ကနေ download လုပ်ယူပြီး တစ်ခါတည်း သုံးစွဲနိုင်အောင်ယခုအခါ အထောက်အပံ့ပေးလိုက်ပါပြီ။ Font Manager ကို Ubuntu OS မှာ မထည့်သွင်းရသေးတဲ့သူတွေအတွက် ဖော်ပြပါ နည်းလမ်းနဲ့ ထည့်သွင်းနိုင်ပါတယ်။

Ubuntu OS မှာ Font Manager ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Font Manager ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:font-manager/staging
sudo apt install font-manager

ဆိုတဲ့ command တွေကို ထည့်သွင်းရပါမယ်။ အဆိုပါ command တွေကိုထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။ တစ်ကယ်လို့ အသုံးမပြုလိုတော့ဘူး ဆိုရင်

sudo add-apt-repository –remove ppa:font-manager/staging
sudo apt remove font-manager font-manager-common

ဆိုတဲ့ command နဲ့ ပြန်လည်ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««