
Google ဟာ Stadia ဂိမ်းဝန်ဆောင်မှုမှာ PlayerUnkown’s Battleground (PUBG) ကိုဖြန့်ချိပေးခဲ့ပြီး ဒီနှစ်အတွင်း EA ဂိမ်းတွေကို ဖြန့်ချိသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ PUBG ကို Stadia Pro အသုံးပြုသူတွေ အခမဲ့ ကစားနိုင်ပြီး Cold Front season pass အသစ် ပါဝင်ပါတယ်။ Stadia အခမဲ့ သုံးစွဲသူတွေကတော့ ဂိမ်းကို ၂၉.၉၉ ဒေါ်လာနဲ့ ဝယ်ယူရပြီး ၃၉.၉၉ ဒေါ်လာတန် bundle မှာဆိုရင် season pass ပါဝင်လာပါတယ်။
Stadia မှာ PUBG အတွက် cross-play ထောက်ပံ့ထားတဲ့အတွက် ဂိမ်းစက်ပေါ်မှာ သူငယ်ချင်းတွေနဲ့ ကစားနိုင်ပါတယ်။
Google ဟာ PUBG နဲ့အတူ ဒီနှစ်နှောင်းပိုင်းအတွင်း Star Wars Jedi: Fallen Order, Madden NFL နဲ့ FIFA တို့ဖြန့်ချိဖို့ EA နဲ့ ပူးပေါင်းထားပါတယ်။
စိုးထက်
Ref: TheVerge
သင်သိပါသလား? မိမိဆီကို နောက်ဆုံးရ သတင်းမှန်သမျှ အမြဲပို့ပေးစေချင်ရင် အင်တာနက်ဂျာနယ် Messenger Bot ဖြစ်တဲ့ m.me/internetjournal ကို နှိပ်ထားလိုက်ရုံပဲဆိုတာ . . .