
Netflix ကတော့ အားရစရာ သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူလိုက်ပါတယ်။ Google Play ပေါ်မှာ Netflix app ကို download ပြုလုပ်တဲ့အကြိမ်ရေ ၁ ဘီလျံ ကျော်သွားပါတယ်။
အဲဒီကိန်းဂဏန်းထဲမှာ Netflix ကို pre-install လုပ်ထားတဲ့ အရေအတွက် ပါဝင်တယ်။အခြား streaming platform တွေနဲ့ နှိုင်းယှဉ်ရင်တော့ Amazon Prime ကို download ပြုလုပ်မှု သန်း ၁၀၀ ကနေ ၅၀၀ အထိရှိသလို Hulu ကလည်း သန်း ၅၀ နဲ့ ၁၀၀ အကြားရှိပါတယ်။ HBO Go ကတော့ ၅ သန်းအထက်ပဲ ရှိပါတယ်။
Netflix ကိုယှဉ်ပြိုင်နိုင်တဲ့ နောက်ဝန်ဆောင်မှုက Disney+ ဖြစ်ပြီး download ပြုလုပ်မှု ၁၀ သန်း ရှိပါတယ်။ Disney+ ဟာ ဈေးကွက်အနည်းငယ်မှာပဲ ဖြန့်ချိထားပြီး ဝန်ဆောင်မှုအသစ်လည်း ဖြစ်ပါတယ်။
-စိုးထက်
Ref: GSMArena