Google Play Pass ဂိမ်းဝန်ဆောင်မှုကို ၉ နိုင်ငံအတွက် တိုးချဲ့

စက်တင်ဘာလတုန်းက Google ဟာ Android app နဲ့ ဂိမ်းတွေအတွက် လစဉ်ကြေးပေးသွင်းဝန်ဆောင်မှု Play Pass ကို ဖြန့်ချိခဲ့ပါတယ်။ ယခင်နှစ်က Play Pass အတွက် ဂိမ်း ၁၅၀ ကျော်ကို ဖြန့်ချိခဲ့ပြီး အခုအခါမှာတော့ Play Pass ကို နိုင်ငံပေါင်း ၉ နိုင်ငံ နဲ့ နှစ်စဉ်ငွေပေးချေမှုကိုလည်း တိုးချဲ့လိုက်ပါတယ်။

Play Pass မှာပါဝင်တဲ့ application ၃၅၀ ကျော်မှာ in-ap purchase နဲ့ ကြော်ငြာ မပါဝင်ဘူးလို့ Google က ပြောထားပါတယ်။ Apple Arcade ဝန်ဆောင်မှုနဲ့ နှိုင်းယှဉ်လိုက်ရင် Play Pass မှာ ရာသီဥတု app လိုမျိုး tool တွေပါဝင်လာပါတယ်။

လစဉ် Play Pass မှာ ကလေးတွေအတွက် content အသစ်တွေကိုလည်း ထည့်သွင်းနေပါတယ်။ “Apps and games for kids” ဆိုတဲ့အောက်မှာ ဆရာ/ဆရာမ ထောက်ခံချက်တံဆိပ်ကို မြင်ရပါမယ်။
Play Pass ကို အမေရိကန်အပြင် ဩစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ အီတလီ၊ နယူးဇီလန်၊ စပိန်နဲ့ ယူကေတို့မှာလည်း ကစားနိုင်ပါပြီ။ Google က Play Pass အတွက် လစဉ်ကြေး ၄.၉၉ ဒေါ်လာအပြင် နှစ်စဉ်ကြေး ၂၉.၉၉ ဒေါ်လာကိုလည်း ကမ်းလှမ်းခဲ့ပါတယ်။

စိုးထက်
Ref: 9to5Google