Google Play Music ကို YouTube Music နဲ့အစားထိုးမယ်

Google အနေနဲ့ Google Play Music သုံးစွဲသူတွေကို YouTube Music ဆီရွှေ့ပြာင်းမယ်လို့ YouTube ကရေးသားခဲ့ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က Google ဟာ YouTube Music အတွက် လုပ်ဆောင်ချက် အသစ်တွေနဲ့

Google Play Music က သီချင်း၊ သီချင်းနားထောင်မှုနဲ့ Playlist တွေကို ရွှေ့ပြောင်းနိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။

YouTube Music ဟာ ၂၀၂၀ ဒီဇင်ဘာလ အရောက်မှာ Play Music နေရာအစားထိုး ဝင်ရောက်ပါမယ်။ စက်တင်ဘာလက စတင်ပြီး တောင်အာဖရိကနဲ့ နယူးဇီလန်တို့မှာ Google Play Music ကိုပိတ်သွားပါမယ်။

အောက်တိုဘာလအတွင်း အခြားကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တွေမှာ တဖြည်းဖြည်း ပိတ်သိမ်းသွားပါမယ်။ လစဉ်ကြေးပေးသွင်းမှုကိုလည်း အလိုအလျောက် ဖျက်သိမ်းသွားပါမယ်။

-စိုးထက်
Ref: GSMArena