Google Play Movies & TV app ကို Google TV အမည်ပြောင်းလဲ

Google ကတော့ ညက ပွဲအတွင်းမှာ Google TV နဲ့ Chromecast အသစ်ကို မိတ်ဆက်လိုက်ပါတယ်။

Google ကမိတ်ဆက်တဲ့ Google TV ဆိုတာက ပုံမှန်တီဗီ မဟုတ်ဘဲ Google Play Movies & TV app ကို Google TV လို့ အမည်ပြောင်းလိုက်တာ ဖြစ်ပါတယ်။ အဲဒီ app က ရုပ်ရှင်နဲ့တီဗီအစီအစဉ်တွေ ငှားရမ်း၊ ဝယ်ယူနိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ Apple က ဗီဒီယိုတွေ ပြသဖို့ Apple TV app ကိုအသုံးပြုတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ Google ရဲ့ TV ဝန်ဆောင်မှုတွေက အနည်းငယ် ရှုပ်ထွေးစရာဖြစ်ပါတယ်။ Google က မိတ်ဆက်ခဲ့တဲ့ Google TV အပြင် Chromecast ထုတ်ကုန်သစ်က Andrid TV ပေါ်မှာ ပါဝင်တဲ့ software အမည်ကလည်း Google TV လို့ ခေါ်ပါတယ်။

လွန်ခဲ့တဲ့ကာလတုန်းက Google ကိုယ်ပိုင် ထုတ်ကုန်တိုင်းမှာ Play ဆိုတဲ့ စကားလုံးကို ထည့်သွင်းခဲ့ပါတယ်။ Google Play Store ကတော့ Google ကိုယ်ပိုင် app store ဖြစ်ပြီး Google Play Books မှာတော့ စာအုပ်နဲ့ ကောမစ်တွေ ဝယ်နိုင်ပါတယ်။ Google Play Music ကတော့ ပိတ်သိမ်းတော့မှာ ဖြစ်ပြီး YouTube Music အစားဝင်သွားပါမယ်။

Google အမှတ်တံဆိပ် ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ ခက်ဆစ်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Google TV (app)

Google Play Movies & TV အမည်နဲ့ ဖြန့်ချိခဲ့ဖူးတဲ့ app ဖြစ်ပါတယ်။

Chromecast with Google TV

ဗီဒီယိုတွေကို တိုက်ရိုက်ကြည့်တာ ဒါမှမဟုတ် cast လုပ်ပြီး ကြည့်နို်ငတဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၄၉.၉၉ ဒေါ်လာ ဖြစ်ပါတယ်။

Google TV

Chromecast ထဲမှာပါဝင်တဲ့ content ဖြစ်ပြီး ကြည့်လိုတဲ့ အရာကို ရှာဖွေကြည့်နိုင်ပါတယ်။ Google Assistant နဲ့လည်း ရှာဖွေနိုင်ပါတယ်။

Android TV

Android TV ဆိုတာက Google ရဲ့အဓိက တီဗီ operating system တစ်ခု ဖြစ်ပါတယ်။ တီဗီစာမျက်နှာဖွဲ့စည်းတဲ့အတိုင်း ချိန်ညှိထားတဲ့ Android ဗားရှင်းဖြစ်တယ်။

YouTube TV

YouTube TV ကတော့ Google ရဲ့တိုက်ရိုက် တီဗီထုတ်လွှင့်မှု လုပ်နိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ တစ်လ ၆၄.၉၉ ဒေါ်လာ ကျသင့်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««