Google Play ေပၚက VLC media player ကို Huawei ထုတ္ကုန္မ်ား download ရယူႏိုင္ေတာ့မည္မဟုတ္

[Zawgyi]

Huawei ဟာ နာမည္ေက်ာ္ၾကားတဲ့ စမတ္ဖုန္းတခ်ိဳ႕ ထုတ္လုပ္ေနေပမယ့္ ကုမၸဏီရဲ႕ software မွာေတာ့ ျပႆနာရွိေနပါတယ္။ အထူးသျဖင့္ developer ေတြအတြက္ Huawei ထုတ္ကုန္ေတြဟာ စိတ္ညစ္စရာ ျဖစ္ေစပါတယ္။ နာမည္ေက်ာ္ VLC media player အေနနဲ႔ app အေပၚ ထုတ္ကုန္ေတြရဲ႕ သက္ေရာက္မႈေၾကာင့္ Huawei စမတ္ဖုန္းေတြကုိ အမည္ပ်က္စာရင္းသြင္းလိုက္တယ္လို႔ သိရပါတယ္။

VLC media player ဟာ ေဈးကြက္ထဲမွာ အသုံးအမ်ားဆုံး app ေတြထဲက တစ္ခုျဖစ္ၿပီး ဗီဒီယိုဖုိင္ေတြၾကည့္ဖို႔ platform အမ်ိဳးမ်ိဳးမွာလည္း အသုံးျပဳေနပါတယ္။ VLC ဟာ အခ်ိန္နဲ႔အမွ် တိုးတက္ေနတဲ့ ဝန္ေဆာင္မႈျဖစ္ပါတယ္။
VideoLAN အေနနဲ႔ Google Play ကေန VLC download ျပဳလုပ္မႈအတြက္ Huawei စမတ္ဖုန္းေတြကုိ နာမည္ပ်က္စာရင္းသြင္းလုိက္တယ္လို႔ Twitter ကေန ထုတ္ျပန္ခဲ့ပါတယ္။ Huawei ရဲ႕ software က background app ေတြကိုင္တြယ္မႈ နည္းလမ္းဟာ မမွန္ကန္တာေၾကာင့္ အခုလိုဆုံးျဖတ္ခ်က္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ Huawei ထုတ္ကုန္ေတြဟာ ကုိယ္ပုိင္မဟုတ္တဲ့ app ေတြက background လုပ္ေဆာင္ခ်က္ေတြကုိ ပိတ္ပစ္တယ္လို႔ VideoLAN က ထုတ္ျပန္ခဲ့ပါတယ္။

ဖုန္းေတြက app ကိုပိတ္ပင္တဲ့အခ်ိန္မွာ VLC ဟာ background လုပ္ေဆာင္ခ်က္ေတြကုိ မျပဳလုပ္ႏိုင္ပါဘူး။ VideoLAN ရဲ႕ဖိုရမ္ေတြမွာ သုံးစြဲသူေတြ ႀကဳံေတြ႕ရတဲ့ ျပႆနာကိုေတြ႕ရၿပီး အျခား Huawei ပိုင္ဆိုင္သူေတြကလည္း အလားတူျပႆနာ ႀကဳံေတြ႕ရေၾကာင္းကို Play Store သုံးသပ္ခ်က္ေတြမွာ ျပသထားပါတယ္။
VLC app ကို APK အေနနဲ႔ Huawei ထုတ္ကုန္ေတြမွာ ဆက္လက္ထည့္သြင္းအသုံးျပဳႏိုင္ပါတယ္။ Huawei အေနနဲ႔ background လုပ္ေဆာင္ခ်က္ေတြ အေျပာင္းအလဲ မလုပ္ခင္အထိေတာ့ ဒီ app ကို Google Play ကေန download လုပ္ႏိုင္ဦးမွာ မဟုတ္ပါဘူး။

စိုးထက္
Ref: 9to5Google

[Unicode]

Huawei ဟာ နာမည်ကျော်ကြားတဲ့ စမတ်ဖုန်းတချို့ ထုတ်လုပ်နေပေမယ့် ကုမ္ပဏီရဲ့ software မှာတော့ ပြဿနာရှိနေပါတယ်။ အထူးသဖြင့် developer တွေအတွက် Huawei ထုတ်ကုန်တွေဟာ စိတ်ညစ်စရာ ဖြစ်စေပါတယ်။ နာမည်ကျော် VLC media player အနေနဲ့ app အပေါ် ထုတ်ကုန်တွေရဲ့ သက်ရောက်မှုကြောင့် Huawei စမတ်ဖုန်းတွေကို အမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ သိရပါတယ်။

VLC media player ဟာ ဈေးကွက်ထဲမှာ အသုံးအများဆုံး app တွေထဲက တစ်ခုဖြစ်ပြီး ဗီဒီယိုဖိုင်တွေကြည့်ဖို့ platform အမျိုးမျိုးမှာလည်း အသုံးပြုနေပါတယ်။ VLC ဟာ အချိန်နဲ့အမျှ တိုးတက်နေတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။
VideoLAN အနေနဲ့ Google Play ကနေ VLC download ပြုလုပ်မှုအတွက် Huawei စမတ်ဖုန်းတွေကို နာမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ Twitter ကနေ ထုတ်ပြန်ခဲ့ပါတယ်။ Huawei ရဲ့ software က background app တွေကိုင်တွယ်မှု နည်းလမ်းဟာ မမှန်ကန်တာကြောင့် အခုလိုဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Huawei ထုတ်ကုန်တွေဟာ ကိုယ်ပိုင်မဟုတ်တဲ့ app တွေက background လုပ်ဆောင်ချက်တွေကို ပိတ်ပစ်တယ်လို့ VideoLAN က ထုတ်ပြန်ခဲ့ပါတယ်။

ဖုန်းတွေက app ကိုပိတ်ပင်တဲ့အချိန်မှာ VLC ဟာ background လုပ်ဆောင်ချက်တွေကို မပြုလုပ်နိုင်ပါဘူး။ VideoLAN ရဲ့ဖိုရမ်တွေမှာ သုံးစွဲသူတွေ ကြုံတွေ့ရတဲ့ ပြဿနာကိုတွေ့ရပြီး အခြား Huawei ပိုင်ဆိုင်သူတွေကလည်း အလားတူပြဿနာ ကြုံတွေ့ရကြောင်းကို Play Store သုံးသပ်ချက်တွေမှာ ပြသထားပါတယ်။
VLC app ကို APK အနေနဲ့ Huawei ထုတ်ကုန်တွေမှာ ဆက်လက်ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Huawei အနေနဲ့ background လုပ်ဆောင်ချက်တွေ အပြောင်းအလဲ မလုပ်ခင်အထိတော့ ဒီ app ကို Google Play ကနေ download လုပ်နိုင်ဦးမှာ မဟုတ်ပါဘူး။

စိုးထက်
Ref: 9to5Google