Google Pixelbook

ဈေးနှုန်း – ကန်ဒေါ်လာ ၁၁၉၉

အားသာချက်

ပါးလွှာတဲ့ဒီဇိုင်း၊ မြန်ဆန်တဲ့ လက်ပ်တော့စွမ်းဆောင်ရည်၊ ဘက်ထရီစနစ်မှာ အားသွင်းမြန်တဲ့ fast-charging စနစ်ပါဝင်တာနဲ့ Display ပိုင်းကောင်းမွန်တာတွေအပြင် Stylus စနစ်က အသုံးပြုရတာ ကောင်းမွန်တာက ဒီလက်ပ်တော့ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ဈေးနှုန်းကြီးမြင့်မာတဲ့ ဘက်ထရီပိုင်းနဲ့ အသုံးပြုနိုင်မှုက ပုံမှန်ရှိသင့်တာထက် နည်းတာက ဒီလက်ပ်တော့ရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။ Stylus Pen ကို လက်ပ်တော့နဲ့ တစ်ပါတည်းမဟုတ်ဘဲ သပ်သပ်ခွဲပြီး ရောင်းချတာကလည်း အပိုငွေ ထပ်မံကုန်ကျစေမှာဖြစ်ပါတယ်။

သုံးသပ်ချက်

Google Pixelbook က Surface Pro နဲ့ MacBook Pro တွေနဲ့ ယှဉ်နိုင်လောက်တဲ့ ဒီဇိုင်း၊ high-end 2-in-1 လက်ပ်တော့တွေလိုမျိုး စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတဲ့ Chromebook ပဲဖြစ်ပါတယ်။ Chrome OS ရဲ့အသုံးပြုနိုင်သမျှလုပ်ဆောင်ချက်တွေ ထောက်ပံ့ပါဝင်သလို Stylus နဲ့လည်း အသုံးပြုနိုင်တာက တော်တော်လေးဆွဲဆောင်နိုင်ပါတယ်။ ဒါပေမဲ့ Stylus pen အသုံးပြုဖို့အတွက် သီးသန့်ထပ်မံ ဝယ်ယူအသုံးပြုရမှာဖြစ်သလို ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက ပြိုင်ဘက် 2-in-1 အမျိုးအစား Chromebook တွေထက် လျော့နည်းတာတွေကလွဲရင် စွမ်းဆောင်ရည်၊ Display နဲ့ ဒီဇိုင်းတွေက ပေးရတဲ့ တန်ဖိုးနဲ့ စိတ်ကျေနပ်မှုအပြည့်ရစေမယ့် လက်ပ်တော့တစ်လုံးဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၂.၃ လက်မရှိတဲ့ QHD Display က ရုပ်ထွက်အရည်အသွေးကို 2400×1600 အထိထောက်ပံ့နိုင်တဲ့ Touchscreen အမျိုးအစားဖြစ်ပါတယ်။ ဒီ laptop မှာ အမြန်နှုန်း 1.2GHz ရှိတဲ့ Intel Core i5-7Y57 processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel HD Graphic 615 ပါဝင်ပါတယ်။ RAM 8 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256GB SSD ကို အသုံးပြုထားပါတယ်။ 720p HD Webcam ကို တပ်ဆင်ထားတာဖြစ်ပြီး ၄x၂.၆ လက်မအရွယ်အစား Touchpad ရဲ့ sensitivity က လည်း တုံ့ပြန်မှုကောင်းမွန်ပါတယ်။ Wi-Fi 802.11ac, Bluetooth 4.2, USB Type-C 3.1 ပေါက်နဲ့ နားကြပ်ပေါက်တွေပါဝင်ပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၇ နာရီနဲ့ ၄၃ မိနစ်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ထူးခြားတာတစ်ခုက ဘက်ထရီစနစ်အတွက် Fast-charging နည်းပညာ ထောက်ပံ့ပါဝင်ပြီး ၁၅ မိနစ်သွင်းရုံနဲ့ ၂ နာရီကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၁ ကီလို
ဂရမ် (၂.၄ ပေါင်) ရှိမှာဖြစ်ပါတယ်။

Ref: www.laptopmag.comwww.techradar.com

-ရဲထွဋ်ဝင်း