Google Pixel Buds အတွက် Catalyst က ရေစိုခံဘူးတစ်ခု ထုတ်လုပ်

Catalyst ဟာ Apple ရဲ့ AirPods အတွက် ရေစိုခံ IP67 case ဘူးတွေကို ထုတ်လုပ်ခဲ့ဖူးပါတယ်။ အခုဆိုရင် Catalyst က Google Pixel Buds ဒုတိယမျိုးဆက်အတွက် အလားတူပုံစံ ရေစိုခံ case ကိုထုတ်လိုက်ပါတယ်။

ဒုတိယမျိုးဆက် Google Pixel Buds ဟာ Android အတွက် ကြိုးမဲ့နားကြပ်ဖြစ်ပြီး လူတွေအကြား ရေပန်းစားပါတယ်။ Catalyst ဟာ Google Pixel Buds အတွက် ရေစိုခံ case ကို ထုတ်လုပ်ခဲ့ပါတယ်။ ကုမ္ပဏီက Google နဲ့ပူးပေါင်းပြီး တရားဝင် “Made for Google” တွဲဖက်အစီအစဉ်အဖြစ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဘူးက IP67 အသိအမှတ်ပြုဖြစ်တာကြောင့် ရေအောက် တစ်မီတာအထိ ရေစိမ်နိုင်တယ်။ MIL-STD 810G အဆင့်သတ်မှတ်ချက်ဆိုရင်တော့ ရေအောက် ၁.၂ မီတာအထိ ရေစိမ်ခံနိုင်ပါတယ်။

Pixel Buds ဘူးကို အိတ်နဲ့ ခါးပတ်မှာ အလွယ်တကူ ချိတ်နိုင်ဖို့ ကွင်းတစ်ခုလည်း ပါဝင်လာပါတယ်။

Catalyst case မှာ USB-C port ပါဝင်ပြီး အားသွင်းနိုင်သလို နားကြပ်အတွက် ကြိုးမဲ့အားသွင်း စနစ်လည်း ပါဝင်လာပါတယ်။

စိုးထက်
Ref: 9to5Google