Google Pixel 5 Event

Google ရဲ့ စမတ်ဖုန်းအသစ် Pixel 5 အခမ်းအနား live blog ကို  အောက်တိုဘာ ၁ ရက်၊ မြန်မာစံတော်ချိန် နံနက် ၀၀:၃၀ မိနစ် မှာ အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးသွားပါမယ်။ ဒီနေရာမှာပဲ  ပြန်တွေ့ကြပါစို့

 

The liveblog has ended.

  • အခုဆိုရင် Google Pixel 5 ကို မိတ်ဆက်တဲ့အခမ်းအနား ပြီးဆုံးပါပြီ နောက်ထပ် နည်းပညာ ပစ္စည်းတွေ မိတ်ဆက်တဲ့အခမ်းအနားနဲ့ နည်းပညာ ပြပွဲတွေကို Internet Journal Live blog ကနေ တိုက်ရိုက်ဖော်ပြပေးမှာ မို့ လာရောက်ကြည့်ရှုနိုင်ပါတယ်

  • Google Pixel 5 မှာတော့ မျက်နှာပြင် ၆လက် FHD+ OLED ပါဝင်လာပါတယ်။ ကင်မရာပိုင်းကတော့ ကျောဘက် 12.2MP နဲ့ 16MP ultrwide အပြင် ရှေ့ဘက်ကင်မရာကတော့ 8MP ဖြစ်ပါတယ်။ 8G LPDDR4x RAM နဲ့ storage 128GB ဖြစ်ပါတယ်။ ဘက်ထရီကတော့ 4080mAh မြန်ဆန်တဲ့ အားသွင်းစနစ်နဲ့ အခြားဖုန်းကို အားသွင်းပါတယ်။ Android 11 ကိုပဲအသုံးပြုထားတာပါတယ်။ Pixel 5 အလူမီနီယမ်ကိုယ်ထည်ကတော့ ၁၀၀ရာခိုင်နှုန်း ပြန်လည်သန့်စင် ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

     

     

  • ဘက်ထရီစွမ်းအင် သက်သာစေမယ့်စနစ်ကလည်း ဖုန်းရဲ့ ဘက်ထရီကို ၄၈ နာရီကြာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်

  • Portrait mode မှာ Night Sight ကိုလည်း ထည့်သွင်းထားပါတယ်

  • Video stabilizer mode အသစ်တွေလည်း ပါလာတယ်။ ဒီစနစ်က cinematic pan video mode တွေ ဖန်တီးဖို့အတွက် YouTuber တွေနဲ့ ဟောလီးဝုဒ် ဒါရိုက်တာတွေဆီက အကြံဉာဏ်တွေ ရယူပြီး တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

  • Pixel 5 မှာတော့ RAM 8GB နဲ့ ကြိုးမဲ့အပြင် reverse အားသွင်းစနစ်လည်းပါဝင်လာပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၉၉ဖြစ်ပါတယ်။

  • Portrait mode မှာ “Portrait Light” ပါလာတယ်။ ဒါကို Google Photos ထဲက portrait mode ပုံအဟောင်းတွေနဲ့ သုံးလို့ရမယ်။

  • Pixel 5 နဲ့ 4A 5G ရဲ့ အရှေ့နဲ့ အနောက် ကင်မရာစနစ်အားလုံး တူတယ်။ ကျောဘက်မှာက ultrawide lens အသစ် ပါလာတယ်။ နောက်ပြီး အဆင့်ြမှင့်ထားတဲ့ Smart HDR ပါလာတယ်။

  • Pixel 4a 5G ဖုန်းမှာတာ့ နားကြပ်ပေါက်ပါဝင်လာတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၉၉ပါ။

  • Nest Audio  ကတော့ အရောင် (၅)မျိုးနဲ့ဆိုတော့ ရွေးချယ်စရာအရောင်ကတော်တော်လေးစုံသွားတယ်။ဈေးနှုန်းက ၉၉ ဒေါ်လာဆိုတော့ မြန်မာကျပ်ငွေနဲ့ဆိုရင် ၁၃၀,၀၀၀ ဝန်းကျင်လောက်ကျနိုင်မယ်။ ပြည်တွင်းစျေးကွက်ထဲဝင်လာမယ့် စျေးကတော့ ဘယ်လောက်ဖြစ်မလဲ…..

  • Pixel 4a 5G မျက်နှာပြင်ကတော့ ၆.၂လက်မရှိပြီး Ultrwide lens နဲ့စွမ်းဆောင်ရည်မြင့် ဘက်ထရီပါဝင်လာပါတယ်။

  • Chromecast with Google TV ကို ၄၉.၉၉ ဒေါ်လာဆိုတော့ မြန်မာကျပ်ငွေနဲ့ဆို ၆၅,၀၀၀ ကျပ်ဝန်းကျင်လောက်ကျသွားမယ်။ အရောင်လေးတွေကလည်း မျက်စိအေးတဲ့ အရောင်းလေးတွေနဲ့ ထုတ်ထားတယ်။ စျေးကွက်မှာဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ။

  • အရောင် (၅)မျိုးနဲ့ Nest Audio ကိုပြသခဲ့ပါတယ်။ ဈေးနှုန်းကတော့ ၉၉ဒေါ်လာ ကျသင့်ပါတယ်။

  • ဓာတ်ပုံတွေကို TheVerge နဲ့ 9to5Google ကနေ ရယူထားပါတယ်။

  • Chromecast with Google TV ကို ၄၉.၉၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါတယ်

  • Google Photos က ဓာတ်ပုံတွေကို ပြသဖို့ Ambient Mode ကို သုံးနိုင်ပါတယ်

  • Chromecast က old TV တွေကို new TV တွေအဖြစ် ပြောင်းပေးပါမယ်

  • Remote မှာ YouTube နဲ့ Netflix button တွေလည်း ပါဝင်လာတယ်