Google Pixel 5 XL လို့ယူဆရတဲ့ ဓာတ်ပုံ ထွက်လာ

Google Pixel 5 ဓာတ်ပုံတွေ ထွက်ရှိပြီး မကြာခင်မှာ Pixel 5 XL ဓာတ်ပုံ ထွက်ပေါ်လာပါတယ်။

Pixel 5 XL ရဲ့ CAD သရုပ်ဖော်ပုံတွေက Pixel 5 ပုံတွေ ဖန်တီးခဲ့တဲ့ Pigtou နဲ့အတူ ပူးပေါင်းထားတဲ့ @xleaks7 ကနေ ထွက်လာတာပါ။ ဖုန်း ၂ လုံးက အလွန်ဆင်တူပြီး ရှေ့ဘက် ဘယ်ဘက်ထောင့် punch-hole မှာ selfie ကင်မရာကို ထည့်သွင်းထားပါတယ်။ ကျောဘက်မှာ fingerprint reader အပြင် စတုရန်းထဲမှာ ကင်မရာ ၂ လုံး ပါဝင်လာပါတယ်။သတင်းမှာတော့ ကျောဘက် ကင်မရာတွေအကြောင်း မဖော်ပြထားပါဘူး။ Pixel 5 XL ညာဘက်မှာ အသံနဲ့ ပါဝါခလုတ် ပါဝင်ပြီး အောက်ခြေမှာ USB-C port နဲ့ ၃.၅ မီလီမီတာ နားကြပ်ပေါက် ပါဝင်လာပါတယ်။ ဖေဖော်ဝါရီလက ထွက်လာတဲ့ သရုပ်ဖော်မှာ Pixel 5 XL မှာ ကင်မရာ ၃ လုံး ပါဝင်လာပါတယ်။

ဒါပေမဲ့ ပေါက်ကြားထွက်ပေါ်လာတဲ့ သတင်းအရ Pixel 5 XL ကိုရှေ့ပြေးပုံစံ ၃ လုံး ထုတ်လုပ်ထားပြီး ကျောဘက်မှာ ကင်မရာ ၂ လုံးပါတဲ့ ဖုန်း ၂ မျိုး ရှိတယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena