Google Pixel 5 ဓာတ်ပုံ ထွက်ပေါ်

Google Pixel 5 ရဲ့ပထမဆုံး ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ Google Pixel 5 ကို CAD နဲ့ဆွဲထားတာ ဖြစ်ပါတယ်။

Google Pixel 5 ဒီဇိုင်းက Google Pixel 4 နဲ့အလွန်တူပြီး ကင်မရာ ၂ လုံး ပါဝင်လာနိုင်ပါတယ်။ Pixel 5 မှာ capacitive fingerprint scanner ပါဝင်လာဖွယ်ရှိပါတယ်။

Google ဟာ Pixel 5 မှာလည်း selfie ကင်မရာ တစ်လုံးပဲ အသုံးပြုနိုင်ပါတယ်။ Pixel 5 ရဲ့ကိုယ်ထည် အရွယ်အစားက ၁၄၄.၆x ၇၀.၄x ၈ မီလီမီတာ ဖြစ်တဲ့အတွက် Piixel 4 ထက် ပိုတိုပြီး ကျဉ်းမြောင်းပါတယ်။

ဖော်ဖော်ဝါရီလတုန်းက Google Pixel 5 XL သရုပ်ဖော်တွေ ထွက်လာပြီး ကျောဘက်မှာ ကင်မရာ ၃ လုံး ပါဝင်လာပါတယ်။ Google အနေနဲ့ အလယ်အလတ်တန်းစား Pixel 4a ကိုလည်း ထုတ်လုပ်ဖို့ရှိပြီး မေလနောက်ပိုင်းကတည်းက ထွက်ရှိဖို့ နှောင့်နှေးနေပါတယ်။ Google က Pixel 4a ကို မကြာခင်မိတ်ဆက်နိုင်ပြီး Pixel 5 ကိုတော့ အောက်တိုဘာ ဒါမှမဟုတ် နိုဝင်ဘာလမှပဲ ထုတ်ဖော်ပြသနိုင်ပါတယ်။

Google ဟာ Pixel 5 မှာ Snapdragon 865 မသုံးဘဲ Snapdragon 765 ပဲသုံးမယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။

စိုးထက်
Ref: GSMArena