Google Pixel 5 ဈေးနှုန်း ပေါက်ကြား

Google ဟာ စက်တင်ဘာ ၃၀ ရဲ့ Launch Night In ပွဲမှာ Pixel 4a 5G, Nest Audio နဲ့ Chromecast အပြင် Pixel 5 ကိုလည်း မိတ်ဆက်ပါမယ်။ Google ဂျပန်က လူမှုရေးမီဒီယာ ထုတ်ပြန်သူတွေကတော့ Pixel 5 ဈေးနှုန်း တရားဝင် ထုတ်ပြန်မိလိုက်ပါတယ်။

အခုအခါမှာတော့ Pixel 5 ဈေးနှုန်း ထုတ်ပြန်ထားတဲ့ tweet ကိုဖျက်သွားပါတယ်။ အဲဒီ tweet မှာ Pixel 5 ဖုန်းဒီဇိုင်းနဲ့ ဂျပန်မှာရောင်းချမယ့် စျေးနှုန်းကိုလည်း ထုတ်ပြန်ထားပါတယ်။

Google Pixel 5 ကို မိတ်ဆက်တဲ့ရက်မှာပဲ ကြိုတင် မှာယူနိုင်မယ်လို့ သိရပါတယ်။ ဒေသတချို့မှာ အောက်တိုဘာ ၁၅ ရက်မှာ စတင် ရောင်းချမယ်လို့ ကောလာဟလ သတင်းထွက်နေပါတယ်။

Google Pixel 5 ကိုတော့ ဂျပန်မှာ ၇၄,၈၀၀ ယန်းနဲ့ ရောင်းချပေးပါမယ်။ ဒါကြောင့် ဒေါ်လာ ၇၁၀ ဝန်းကျင်လောက် ကျသင့်ပါမယ်။ Pixel 5 ဟာ မနှစ်က ထွက်ထားတဲ့ Pixel 4 ထက် ဈေးသက်သာဖွယ်ရှိပါတယ်။ Pixel 4 ကို ယန်း ၈၉,၉၈၀ (၇၉၉ ဒေါ်လာ) နဲ့ စတင်ရောင်းချခဲ့ပါတယ်။

-စိုးထက်
Ref: BEEBOM

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««