Google Pixel 4 နဲ႔ Pixel 4 XL မွာ 90Hz ‘Smooth Display’ ပါဝင္လာမယ္

[ Zawgyi ]

Google Pixel 4 နဲ႔ Pixel 4 XL ရဲ႕ဒီဇိုင္းနဲ႔ အခ်က္အလက္ေတြကုိ Google ကအတည္ျပဳထားပါတယ္။ ဒါေပမဲ့ Google ကမထုတ္ေဖာ္ေသးတဲ့ အခ်က္အလက္မ်ားစြာ ရွိေနပါေသးတယ္။ Google Pixel 4 ထုတ္ကုန္ေတြရဲ႕ အေသးစိတ္အခ်က္အလက္ေတြက ေပါက္ၾကားထြက္ေပၚလာပါတယ္။

Pixel 4 နဲ႔ Pixel 4 XL တို႔မွာပါဝင္တဲ့ feature ေတြက သိပ္မကြာျခားပါဘူး။ ဖုန္းေတြမွာ ေရွ႕ဘက္အျခမ္းအတြက္ ဖန္ထည္နဲ႔ ကင္မရာအႀကီးစားတစ္ခု ပါဝင္လာပါတယ္။ ဒါ့အျပင္ ေရွ႕ဘက္မွာ Soli radar ခ်စ္ပ္ပါဝင္ကာ စပီကာနဲ႔ ေရွ႕ကင္မရာအျပင္ face unlock အတြက္ sensor ေတြပါဝင္လာပါတယ္။ ေက်ာဘက္မွာ G လိုဂိုနဲ႔ lock ခလုတ္တို႔ ပါဝင္လာပါတယ္။

Pixel 4 နဲ႔ Pixel 4 XL ဖုန္းေတြမွာ မ်က္ႏွာျပင္ ၅.၇ လက္မနဲ႔ ၆.၃ လက္မ OLED display ေတြပါဝင္လာၿပီး အရြယ္ေသးငယ္တဲ့ထုတ္ကုန္က Full HD+ ျဖစ္ၿပီး ေနာက္ထုတ္ကုန္ကေတာ့ Quad HD+ ျဖစ္ပါတယ္။ အဲဒီ display ေတြက 90Hz ျဖစ္ၿပီး Smooth Display လို႔ေခၚဆိုပါတယ္။ Pixel 4 နဲ႔ Pixel 4 XL ဟာ OnePlus 7 နဲ႔ Razer Phone 2 လိုမ်ိဳး refresh rate ျမင့္မားပါတယ္။

Pixel 4 နဲ႔ Pixel 4 XL ေက်ာဘက္မွာ sensor ႏွစ္မ်ိဳး ပါဝင္လာၿပီး တစ္ခုကေတာ့ 12MP နဲ႔အတူ phase-detect auto-focus လို႔သိရပါတယ္။ Google Camera app အတြင္းက အျခား sensor ကေတာ့ 16MP telehphoto lens ျဖစ္ပါတယ္။ Google အေနနဲ႔ Pixel အတြက္ DSLR ကင္မရာလိုမ်ိဳး accessory ကုိဖန္တီးေနပါတယ္။

အျခား feature ေတြကေတာ့ Google Pixel 43 မွာ ဘက္ထရီ 2,800mAH နဲ႔ ပုိမုိႀကီးမားတဲ့ေမာ္ဒယ္မွာ ဘက္ထရီ 3,700mAh ပါဝင္လာပါတယ္။ ထုတ္ကုန္ ႏွစ္မ်ိဳးစလုံးမွာ Snapdragon 855, RAM 6GB နဲ႔ storage 64GB နဲ႔ 128GB ဗားရွင္း ႏွစ္မ်ိဳး ထြက္ရွိလာမွာပါ။

စိုးထက္
Ref: 9to5Google

[ Unicode ]

Google Pixel 4 နဲ့ Pixel 4 XL ရဲ့ဒီဇိုင်းနဲ့ အချက်အလက်တွေကို Google ကအတည်ပြုထားပါတယ်။ ဒါပေမဲ့ Google ကမထုတ်ဖော်သေးတဲ့ အချက်အလက်များစွာ ရှိနေပါသေးတယ်။ Google Pixel 4 ထုတ်ကုန်တွေရဲ့ အသေးစိတ်အချက်အလက်တွေက ပေါက်ကြားထွက်ပေါ်လာပါတယ်။

Pixel 4 နဲ့ Pixel 4 XL တို့မှာပါဝင်တဲ့ feature တွေက သိပ်မကွာခြားပါဘူး။ ဖုန်းတွေမှာ ရှေ့ဘက်အခြမ်းအတွက် ဖန်ထည်နဲ့ ကင်မရာအကြီးစားတစ်ခု ပါဝင်လာပါတယ်။ ဒါ့အပြင် ရှေ့ဘက်မှာ Soli radar ချစ်ပ်ပါဝင်ကာ စပီကာနဲ့ ရှေ့ကင်မရာအပြင် face unlock အတွက် sensor တွေပါဝင်လာပါတယ်။ ကျောဘက်မှာ G လိုဂိုနဲ့ lock ခလုတ်တို့ ပါဝင်လာပါတယ်။

Pixel 4 နဲ့ Pixel 4 XL ဖုန်းတွေမှာ မျက်နှာပြင် ၅.၇ လက်မနဲ့ ၆.၃ လက်မ OLED display တွေပါဝင်လာပြီး အရွယ်သေးငယ်တဲ့ထုတ်ကုန်က Full HD+ ဖြစ်ပြီး နောက်ထုတ်ကုန်ကတော့ Quad HD+ ဖြစ်ပါတယ်။ အဲဒီ display တွေက 90Hz ဖြစ်ပြီး Smooth Display လို့ခေါ်ဆိုပါတယ်။ Pixel 4 နဲ့ Pixel 4 XL ဟာ OnePlus 7 နဲ့ Razer Phone 2 လိုမျိုး refresh rate မြင့်မားပါတယ်။

Pixel 4 နဲ့ Pixel 4 XL ကျောဘက်မှာ sensor နှစ်မျိုး ပါဝင်လာပြီး တစ်ခုကတော့ 12MP နဲ့အတူ phase-detect auto-focus လို့သိရပါတယ်။ Google Camera app အတွင်းက အခြား sensor ကတော့ 16MP telehphoto lens ဖြစ်ပါတယ်။ Google အနေနဲ့ Pixel အတွက် DSLR ကင်မရာလိုမျိုး accessory ကိုဖန်တီးနေပါတယ်။

အခြား feature တွေကတော့ Google Pixel 43 မှာ ဘက်ထရီ 2,800mAH နဲ့ ပိုမိုကြီးမားတဲ့မော်ဒယ်မှာ ဘက်ထရီ 3,700mAh ပါဝင်လာပါတယ်။ ထုတ်ကုန် နှစ်မျိုးစလုံးမှာ Snapdragon 855, RAM 6GB နဲ့ storage 64GB နဲ့ 128GB ဗားရှင်း နှစ်မျိုး ထွက်ရှိလာမှာပါ။

Ref: 9to5Google