Google Pixel 3 XL ရဲ႕ unboxing ဗီဒီယို ထြက္ေပၚလာ

[ Zawgyi ]

Google Pixel 3 နဲ႔ Pixel 3 XL တို႔ဟာ ေအာက္တိုဘာလ အေစာပုိင္းမွာ တရားဝင္ထြက္ရွိလာႏိုင္ပါတယ္။ ဒါေပမဲ့လည္း ေပါက္ၾကားထြက္ေပၚလာတဲ့ Pixel 3 XL unboxing ဗီဒီယိုကေတာ့ ဒီဟန္းဆက္ဟာ အသင့္ျဖစ္ေနၿပီလို႔ အတည္ျပဳခဲ့ပါတယ္။ Pixel 3 XL စမတ္ဖုန္းပါဝင္တဲ့ ဘူးထဲမွာ အျခား accessory ေတြလည္း ပါဝင္ပါတယ္။ ဒါ့အျပင္ Pixel 3 XL ဗီဒီယိုအျပင္ ဓာတ္ပုံေတြလည္း ထြက္ေပၚလာပါေသးတယ္။

Google Pixel 2 XL မွာေတာ့ နားၾကပ္ကုိ တစ္ပါတည္း ထည့္သြင္းခဲ့ျခင္းမရိွေပမယ့္ Pixel 3 XL မွာေတာ့ USB-C အမ်ိဳးအစားနားၾကပ္ေတြ ပါဝင္တာကို ဗီဒီယိုမွာ ေတြ႕ႏိုင္ပါတယ္။ Pixel 3 XL ဘူးမွာေတာ့ USB Power Delivery, USB-C to 3.5mm audio jacke, USB-C to USB-C ႀကိဳးနဲ႔ USB-C to USB-A adapter အပါအဝင္ အျခား accessory ေတြလည္း ပါဝင္လာပါတယ္။

Google Pixel 3 XL မွာ dual-tone ဒီဇိုင္းအသုံးျပဳထားတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ ေက်ာဘက္မွာ LED flash နဲ႔ fingerprint scanner တို႔က ကင္မရာတစ္လုံးနဲ႔ အတူ ပါဝင္လာပါတယ္။ Pixel 3 XL ကုိ အျဖဴေရာင္အျပင္ အနက္ေရာင္နဲ႔လည္း ထုတ္လုပ္ထားပါေသးတယ္။

ေပါက္ၾကားထြက္ေပၚလာတဲ့ ဓာတ္ပုံေတြထဲက တစ္ပုံမွာ Pixel 3 XL ရဲ႕ specification ေတြကုိ ျပသထားပါတယ္။ ဓာတ္ပုံအရ Pixel 3 XL မွာ Android 9 နဲ႔ Snapdragon 845 SoC ကုိ အသုံးျပဳထားပါတယ္။ Master Lu နဲ႔ Geekbench တို႔လုိ benchmark ေတြကေဖာ္ျပတဲ့အတိုင္း Pixel 3 XL မွာ RAM 4GB ပါဝင္ပါတယ္။ ဖုန္းမ်က္ႏွာျပင္မွာ Quad HD+ ႐ုပ္ထြက္အရည္ 2969x 1440 pixels ေထာက္ပံ့ထားပါတယ္။

စိုးထက္
Ref: GizmoChina

[ Unicode ]

Google Pixel 3 နဲ့ Pixel 3 XL တို့ဟာ အောက်တိုဘာလ အစောပိုင်းမှာ တရားဝင်ထွက်ရှိလာနိုင်ပါတယ်။ ဒါပေမဲ့လည်း ပေါက်ကြားထွက်ပေါ်လာတဲ့ Pixel 3 XL unboxing ဗီဒီယိုကတော့ ဒီဟန်းဆက်ဟာ အသင့်ဖြစ်နေပြီလို့ အတည်ပြုခဲ့ပါတယ်။ Pixel 3 XL စမတ်ဖုန်းပါဝင်တဲ့ ဘူးထဲမှာ အခြား accessory တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် Pixel 3 XL ဗီဒီယိုအပြင် ဓာတ်ပုံတွေလည်း ထွက်ပေါ်လာပါသေးတယ်။

Google Pixel 2 XL မှာတော့ နားကြပ်ကို တစ်ပါတည်း ထည့်သွင်းခဲ့ခြင်းမရှိပေမယ့် Pixel 3 XL မှာတော့ USB-C အမျိုးအစားနားကြပ်တွေ ပါဝင်တာကို ဗီဒီယိုမှာ တွေ့နိုင်ပါတယ်။ Pixel 3 XL ဘူးမှာတော့ USB Power Delivery, USB-C to 3.5mm audio jacke, USB-C to USB-C ကြိုးနဲ့ USB-C to USB-A adapter အပါအဝင် အခြား accessory တွေလည်း ပါဝင်လာပါတယ်။

Google Pixel 3 XL မှာ dual-tone ဒီဇိုင်းအသုံးပြုထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ကျောဘက်မှာ LED flash နဲ့ fingerprint scanner တို့က ကင်မရာတစ်လုံးနဲ့ အတူ ပါဝင်လာပါတယ်။ Pixel 3 XL ကို အဖြူရောင်အပြင် အနက်ရောင်နဲ့လည်း ထုတ်လုပ်ထားပါသေးတယ်။

ပေါက်ကြားထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေထဲက တစ်ပုံမှာ Pixel 3 XL ရဲ့ specification တွေကို ပြသထားပါတယ်။ ဓာတ်ပုံအရ Pixel 3 XL မှာ Android 9 နဲ့ Snapdragon 845 SoC ကို အသုံးပြုထားပါတယ်။ Master Lu နဲ့ Geekbench တို့လို benchmark တွေကဖော်ပြတဲ့အတိုင်း Pixel 3 XL မှာ RAM 4GB ပါဝင်ပါတယ်။ ဖုန်းမျက်နှာပြင်မှာ Quad HD+ ရုပ်ထွက်အရည် 2969x 1440 pixels ထောက်ပံ့ထားပါတယ်။

Ref: GizmoChina