Google Pixel ဖုန်းတွေမှာ အိပ်ရာဝင် feature ပါဝင်လာမယ်

Google ဟာ Pixel ဖုန်းတွေမှာ ပါဝင်မယ့် feature အသစ်တွေကို ကြေညာလိုက်ပါတယ်။ Google အနေနဲ့ လုံခြုံရေးနဲ့ ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်မယ့် လုပ်ဆောင်ချက်တွေကို ဦးစားပေးထည့်သွင်းထားပါတယ်။ ဒါ့အပြင် Pixel ထုတ်ကုန်တွေမှာ adaptive ဘက်ထရီပါဝင်လာတဲ့ အတွက် ဘက်ထရီအားကုန်တဲ့အချိန်ကို ခန့်မှန်းကာ နောက်ကွယ်က လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ Google က feature တွေဖြန့်ချိခဲ့ပါသေးတယ်။ သုံးလ တစ်ကြိမ် feature တွေဖြန့်ချိနေတာပါ။ Google ရဲ့ပထမဆုံး feature ဖြန့်ချိမှုမှာ ဓာတ်ပုံနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အလိုအလျောက်ဖုန်းခေါ်ဆိုမှု screening တို့ပါဝင်လာပါတယ်။ ဒုတိယအခေါက်မှာတော့ effects နဲ့ display feature တွေ ပါဝင်လာပါတယ်။

အခုအကြိမ်မှာတော့ Clock အတွင်း Google ရဲ့ အိပ်ရာဝင် feature က တိကျတဲ့ အိပ်စက်မှုအချိန်ဇယားနဲ့ screen ကြည့်တာကို ကန့်သတ်ပေးမှာပါ။ လူတွေက တည်ငြိမ်တဲ့အသံလေးတွေ နားထောင်ပြီး အိပ်စက်နိုင်သလို သီချင်းနဲ့ alarm ပေးနိုင်ပါတယ်။ Google ကအိပ်ရာဝင်ချိန်ပြီးတဲ့အခါ သုံးစွဲသူတွေ app တွေကို ဘယ်လောက်သုံးစွဲလဲဆိုတာ အသိပေးပါမယ်။

စိုးထက်
Ref: CNET