Google Pixel ထုတ္ကုန္ေတြမွာ အေရးေပၚဖုန္းေခၚမႈအတြက္ text-to-speech နည္းပညာကုိ ထည့္သြင္းမည္

[ Zawgyi ]

Google ဟာ Pixel ထုတ္ကုန္ေပၚက Phone app မွာ အလိုအေလ်ာက္ text-to-speech feature ကုိ ထည့္သြင္းေနပါတယ္။ ဒါေၾကာင့္ ဖုန္းရဲ႕ တည္ေနရာအခ်က္အလက္ေတြကုိ စကားေျပာစရာမလုိဘဲ ေဆးအကူအညီ၊ မီးသတ္ ဒါမွမဟုတ္ ရဲေတြဆီ အေရးေပၚအေျခအေနမွာ ေပးပို႔ႏိုင္ပါတယ္။

အခုစနစ္က ႐ုိးရွင္းၿပီး အေရးေပၚဖုန္းေခၚဆိုမႈ emergency call မွာ Phone app မွာ “Medical”, “Fire” ဒါမွမဟုတ္ Police ဆိုတဲ့ ခလုတ္ ၃ ခုကုိ ျမင္ေတြ႕ရပါမယ္။ ခလုတ္ကုိ ႏွိပ္လိုက္ရင္ text-to-speech feature ပြင့္သြားမွာျဖစ္ၿပီး အလိုအေလ်ာက္ ဝန္ေဆာင္မႈနဲ႔ ေအာ္ပေရတာကုိ message ေပးပုိ႔သြားမွာ ျဖစ္ပါတယ္။ ဖုန္းေခၚဆိုသူရဲ႕လက္ရွိ တည္ေနရာနဲ႔ လိုအပ္တဲ့အကူအညီကို ေအာ္ပေရတာဆီ အေၾကာင္းၾကားေပးမွာ ျဖစ္ပါတယ္။ အခု featur သစ္က တစ္စုံတစ္ေယာက္က ဒဏ္ရာအနာတရေၾကာင့္ စကားမေျပာဆိုႏိုင္တဲ့အခါမွာ အေရးေပၚအကူအညီေတြ ေခၚႏိုင္ေအာင္ ျပဳလုပ္ဖုိ႔ ဒီဇိုင္းထုတ္ထားတာ ျဖစ္ပါတယ္။

Google အေနနဲ႔ ၂၀၁၇ ခုႏွစ္က ျဖန္႔ခ်ိခဲ့တဲ့ Pixel ထုတ္ကုန္ေတြအတြက္ Phone app မွာအခု feature ကုိ တိုးခ်ဲ႕ထည့္သြင္းသြားမွာ ျဖစ္ပါတယ္။ လအနည္းငယ္အတြင္း အေမရိကန္မွာ Pixel ဖုန္းေတြနဲ႔ Android ထုတ္ကုန္ တခ်ိဳ႕အတြက္ feature သစ္ပါဝင္လာမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Google ဟာ Pixel ထုတ်ကုန်ပေါ်က Phone app မှာ အလိုအလျောက် text-to-speech feature ကို ထည့်သွင်းနေပါတယ်။ ဒါကြောင့် ဖုန်းရဲ့ တည်နေရာအချက်အလက်တွေကို စကားပြောစရာမလိုဘဲ ဆေးအကူအညီ၊ မီးသတ် ဒါမှမဟုတ် ရဲတွေဆီ အရေးပေါ်အခြေအနေမှာ ပေးပို့နိုင်ပါတယ်။

အခုစနစ်က ရိုးရှင်းပြီး အရေးပေါ်ဖုန်းခေါ်ဆိုမှု emergency call မှာ Phone app မှာ “Medical”, “Fire” ဒါမှမဟုတ် Police ဆိုတဲ့ ခလုတ် ၃ ခုကို မြင်တွေ့ရပါမယ်။ ခလုတ်ကို နှိပ်လိုက်ရင် text-to-speech feature ပွင့်သွားမှာဖြစ်ပြီး အလိုအလျောက် ဝန်ဆောင်မှုနဲ့ အော်ပရေတာကို message ပေးပို့သွားမှာ ဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုသူရဲ့လက်ရှိ တည်နေရာနဲ့ လိုအပ်တဲ့အကူအညီကို အော်ပရေတာဆီ အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။ အခု featur သစ်က တစ်စုံတစ်ယောက်က ဒဏ်ရာအနာတရကြောင့် စကားမပြောဆိုနိုင်တဲ့အခါမှာ အရေးပေါ်အကူအညီတွေ ခေါ်နိုင်အောင် ပြုလုပ်ဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

Google အနေနဲ့ ၂၀၁၇ ခုနှစ်က ဖြန့်ချိခဲ့တဲ့ Pixel ထုတ်ကုန်တွေအတွက် Phone app မှာအခု feature ကို တိုးချဲ့ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ လအနည်းငယ်အတွင်း အမေရိကန်မှာ Pixel ဖုန်းတွေနဲ့ Android ထုတ်ကုန် တချို့အတွက် feature သစ်ပါဝင်လာမှာ ဖြစ်ပါတယ်။

Ref: TheVerge