Google Pixel ကင်မရာ ဖန်တီးသူ Adobe အတွက် universal camera app ကိုဖန်တီးနေ

Google ရဲ့ Pixel ဖုန်း ဓာတ်ပုံအင်ဂျင်နီယာဟောင်း ဖြစ်သူ မာ့ဘ်လီဗွိုင်ဟာ Adobe မှာ ဒုတိယဥက္ကဋ္ဌဖြစ်လာပါတယ်။ မာ့ဘ်လီဗွိုင်ဟာ Adobe အတွက် universal camera app တစ်မျိုးကို အဓိကဖန်တီးမယ်လို့ သိရပါတယ်။

မာ့ဘ်လီဗွိုင်ဟာ LinkedIn ကိုယ်ရေးအကျဉ်းမှာ မတ်လအတွင်း Google ကနေထွက်ခွာလာတယ်လို့ ဖော်ပြထားပါတယ်။ မာ့ဘ်အနေနဲ့ Google အတွက် HDR+, Portrait Mode နဲ့ Night Sight ကင်မရာလုပ်‌ဆောင်ချက်တွေ ဖန်တီးပေးခဲ့တယ်။ Pixel 4 ရောင်းအား ကျဆင်းနေတာကြောင့် Pixel ဌာနက အဖွဲ့ စိတ်ဓာတ်ကျဆင်းနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါသေးတယ်။

-စိုးထက်
Ref: AndroidPolice