
Google ဟာ Google Photos ကို အခမဲ့ကနေ အခပေးဝန်ဆောင်မှု အဖြစ်ပြောင်းလဲပါတော့မယ်။ ဒါကြောင့် မကြာခင်မှာ ဝန်ဆောင်မှုအသုံးပြုဖို့ လစဉ်ကြေးပေးသွင်းရပါမယ်။
Google က Google Photos သုံးစွဲသူတွေ ၂၀၂၁ ခုနှစ် ၊ ဇွန် ၁ ရက်အထိ အကန့်အသတ်မရှိ အသုံးပြုဖို့ ခွင့်ပြုထားဆဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တင်သမျှ ဓာတ်ပုံတွေအားလုံးကို ဝေစုအဖြစ် ရရှိတဲ့ ပမာဏထဲက ဖြတ်တောက်သွားပါမယ်။ အောက်မှာတော့ Google One အခပေး ဝန်ဆောင်မှုအကြောင်းနဲ့ အစားထိုးအသုံးပြုနိုင်မယ့် အခြားဝန်ဆောင်မှုတွေကို အောက်မှာ ဖော်ပြပေးပါမယ်။
Google One
Google One ဈေးနှုန်းက သင့်တင့်မှုရှိပါတယ်။ Google One က Photos တင်မဟုတ်ဘဲ အခြားဝန်ဆောင်မှုတွေလည်း ရရှိပါမယ်။ ဈေးနှုန်းကတော့-
100GB တစ်လ ၂ဒေါ်လာ ဒါမှမဟုတ် တစ်နှစ် ဒေါ်လာ၂၀
200GB တစ်လ ၃ဒေါ်လာ ဒါမှမဟုတ် တစ်နှစ် ဒေါ်လာ ၃၀
2TB တစ်လ ၁၀ ဒေါ်လာ ဒါမှမဟုတ် တစ်နှစ် ဒေါ်လာ ၁၀၀
တစ်ကယ်လို့ သုံးစွဲသူက Google Pixel ဖုန်းပိုင်ဆိုင်သူ ဆိုရင်တော့ Google Photos မှာအကန့်အသတ်မရှိ ပုံတွေ တင်နိုင်ဦးပါမယ်။
Dropbox
Dropbox ကတော့ Google One ထက်ဈေးကြီးပါတယ်။ ဒါ့အပြင် 2TB အတွက် တစ်လ ၁၀ ဒေါ်လပေးသွင်းရမယ့် အစီအစဉ်တစ်မျိုးပဲ ရှိပါတယ်။ Google Photos လိုမျိုး face-recognition ရှာဖွေမှုလည်း မပါဘူး။ ဒါပေမဲ့ Dropbox လုပ်ဆောင်ချက်တွေ များပါတယ်။ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ screeshot တွေကို အလိုအလျောက် သိမ်းဆည်းပေးပါတယ်။ ဓာတ်ပုံတွေ ကြည့်နိုင်ဖို့ မိုဘိုင်း app မှာသီးသန့်ကဏ္ဍပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင် content ကိုအခြားသူနဲ့ ဝေမျှတဲ့အခါ password နဲ့ timer အပါအဝင် ကျယ်ပြန်တဲ့ access ပါဝင်တယ်။ ဖိုင်အကြီးစားတွေ ဝေမျှနိုင်ဖို့ Dropbox Transfer ကိုလည်း အသုံးပြုနိုင်ပါတယ်။ Password တွေအားလုံးကို သိမ်းဆည်းဖို့ Dropbox Passwords နဲ့ အရေးပါတဲ့ စာရွက်စာတမ်းအတွက် Vault လည်းပါဝင်လာပါတယ်။
iCloud
iCloud ကတော့ Google One လိုပဲ ဈေးသက်သာပါတယ်။ ဒါပေမဲ့ iCloud က storage ပိုမိုများပြားပါတယ်။ iPhone ပိုင်ဆိုင်သူတွေအတွက် ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို iCloud ထဲအလွယ်တကူ သိမ်းဆည်းထားပါတယ်။ တစ်လ ၁ ဒေါ်လာနဲ့ 50GB ကိုလည်း ဝယ်ယူနိုင်ပါတယ်။
iCloud ကတော့ Google လိုပဲ ဓာတ်ပုံအပြင် စာရွက်စာတမ်း၊ message အပြင် ဖိုင်တွေကိုလည်း သိမ်းဆည်းနိုင်ပါတယ်။ Apple ထုတ်ကုန်တွေအားလုံးနဲ့လည်း sync လုပ်ထားလို့ရပါတယ်။
Amazon Photos
Amazon Photos ကတော့ လူတိုင်းဝယ်ယူလို့ မရပါဘူး။ Amazon Prime ပုံမှန်အဖွဲ့ဝင်သူတွေပဲ အသုံးပြုနိုင်ပါတယ်။ Amazon Photos ကတော့ အကန့်အသတ်မရှိ အခမဲ့ဖြစ်ပြီး ရုပ်ထွက်အလွန်ကောင်းတဲ့ ဓာတ်ပုံတွေ သိမ်းဆည်းထားပါတယ်။
ဒါပေမဲ့လည်း Amazon Prime အဖွဲ့ဝင်တစ်ဦးအတွက် ရရှိတဲ့ storage ကလည်း ကုန်ခမ်းနိုင်ပါတယ်။ အဲဒီအခါမှာ Amazon Drive storage ကိုဝယ်ယူနိုင်ပါတယ်။ Amazon Drive storage ကတော့ 100 GB အတွက် တစ်လ ၂ ဒေါ်လာ ဒါမှမဟုတ် တစ်နှစ်ဒေါ်လာ ၂၀ကျသင့်ပါမယ်။
-စိုးထက်
Ref: Lifehacker
»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««