Google Photo ကပုံတွေကို ဘယ်လို download လုပ်မလဲ

Google ဟာ ၂၀၂၁ ဇွန်လ ၁ ရက်နေ့ကစပြီး Google Photoမှာ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေ unl-imited သိမ်းဆည်းခြင်းကိုခွင့်ပြုတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် Google Photo သုံးစွဲသူတွေ အနေနဲ့ ကိုယ့်ရဲ့ ဓာတ်ပုံတွေကို Google Photo ကနေ ပြန်လည်ပြီး backup လုပ်ထားချင်တယ်ဆိုရင် ဖော်ပြပါ နည်းအတိုင်း ဓာတ်ပုံတွေ ဗီဒီယိုတွေကို backup လုပ်နိုင်ပါတယ်။

ပထမဦးဆုံး browser မှာ ကိုယ့်ရဲ့ Google account ကို login လုပ်ပါ။ ပြီးသွားရင် https://takeout.google.com/ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကိုသွား ရပါမယ်။ Google Takeout ဝက်ဘ်ဆိုက်ကို ရောက်သွားပြီ ဆိုရင် Product ဆိုတဲ့ နေရာမှာ အခြား product တွေကို backup လုပ်မှာ မဟုတ်တဲ့အတွက် Deselect all ဆိုတာကို နှိပ်ပြီး product တွေကို deselect လုပ်ရပါမယ်။ ပြီးရင် Google Photo product ကို select လုပ်ပြီး App Photo Album included ဆိုတာကို နှိပ်လိုက်ပါ။

Next Step ဆိုတဲ့ ခလုတ် ကိုနှိပ်ပြီး နောက်တစ်ဆင့်ကိုသွား ရပါမယ်။Delivery Method နေရာမှာ download link ကို email ကိုပို့ခိုင်းမှာလားဒါမှမ ဟုတ် Google Drive, OneDrive အစရှိတဲ့နေရာတွေမှာ သိမ်းမှာ လားဆိုတာကို ရွေးချယ်နိုင်ပါ တယ်။ Export လုပ်မှာကို တစ်ခုထဲ လုပ်မှာလား နှစ်တွေလတွေနဲ့ အပိုင်းခွဲပြီး ထုတ်မှာလားဆိုတာ ကို ရွေးချယ်နိုင်ပါတယ်။ Export file ကို Windows သမားတွေအတွက်ဆိုရင် Zip ဖိုင်နဲ့ရွေးချယ်ပြီး Linux platform သုံးစွဲသူတွေဆိုရင် .tgz extension ကို ရွေးချယ်ပေးနိုင်ပါတယ်။ဖိုင် ဆိုက်တွေကိုလည်း ဘယ်လောက် အရွယ်အစားဆိုရင် ဖိုင်တွေခွဲမယ်ဆိုတာကိုပါရွေးချယ်နိုင်ပါတယ်။ ပြီးရင် Create Export ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ပြီး export ထုတ်တဲ့အချိန်ကို စောင့်ဆိုင်း ပေးရပါမယ်။ ဒါဆိုရင် Google Photo မှာ ရှိတဲ့ ဓာတ်ပုံတွေ ဗီဒီ ယိုတွေကို backup လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ပြီးဆုံးပြီဖြစ်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««