Google One ဈေးနှုန်းကို ထက်ဝက်အထိ လျှော့ချ

Google One လစဉ်ကြေးဝန်ဆောင်မှု ဖြန့်ချိပြီး တစ်နှစ် အကြာမှာ Google ကတော့ Pixel 4 နဲ့ 4XL ဖုန်းတွေမှာ အကန့်အသတ်မရှိ ဓာတ်ပုံသိမ်းဆည်းတဲ့ အစီအစဉ်ကို ရပ်တန့်လိုက်ပါတယ်။

အခုဆိုရင် ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ Google Photos ဆီ ဓာတ်ပုံနဲ့ ဗီဒီယိုသိမ်းတဲ့အခါ storage 15GB ထဲက ရယူသွားပါမယ်။ Google cloud ဝန်ဆောင်မှု အသုံးပြုမှု မြင့်မားလာတာကြောင့် ပေါ်လစီကို အပြောင်းအလဲ လုပ်တာ ဖြစ်ပါတယ်။

Google ဟာ Google One အစီအစဉ်တွေကိုလည်း ဈေးနှုန်းထက်ဝက် အထိ လျှော့ချပေးလိုက်ပါပြီ။ Google One က 10TB, 20TB နဲ့ 30TB တွေကတော့ တစ်လက ဒေါ်လာ ၅၀, ဒေါ်လာ ၁၀၀နဲ့ ဒေါ်လာ ၁၅၀ ပဲ ရှိပါတော့တယ်။

Google One လစဉ်ကြေးထဲမှာ အခမဲ့ VPN နဲ့ Google Play ဝယ်ယူမှုမှာ အကြွေးထားခွင့် ၁၀% လည်း ရရှိပါမယ်။ ဈေးနှုန်းအသစ်တွေက လစဉ်ကြေးပေးသွင်းသူ အသစ်ရော အဟောင်းပါ သက်ရောက်ပါမယ်။

စိုးထက်
Ref: AndroidCentral

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««