Google, Microsoft နဲ့ယှဉ်ပြိုင်မယ့် အီးမေးလ်ဝန်ဆောင်မှု Zoom ဖြန့်ချိနိုင်

ဗီဒီယိုကွန်ဖရင့် app လုပ်တဲ့ Zoom ဟာ ကိုရိုနာဗိုင်းရပ်် ကပ်ရောဂါအတွင်း နေအိမ်ကနေ အလုပ်လုပ်သူ များပြားလာတာကြောင့် လုပ်ငန်းစတော့ရှယ်ယာက ၅၀၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။ အခုဆိုရင် Zoom ဟာ အစည်းအဝေးထိုင်တဲ့ ဝန်ဆောင်မှုကို တိုးချဲ့ပြီး နယ်ပယ်သစ်ချဲ့ထွင်ဖို့ အီးမေးလ်နဲ့ calendar ဝန်ဆောင်မှုကို လုပ်ကိုင်နေတယ်လို့ The Information ကဖော်ပြခဲ့ပါတယ်။

Zoom ဟာ အီးမေးလ်ထုတ်ကုန်ကိုတော့ လုပ်ကိုင်နေပြီး လာမယ့်နှစ် အစောပိုင်းမှာ စတင် စမ်းသပ်သွားပါမယ်။ Zoom ရဲ့ calendar app ကတော့ လုပ်ကိုင်နေဆဲရှိပြီး စီမံကိန်းအစပဲ ရှိသေးပါတယ်။ ဝန်ဆောင်မှု ၂ မျိုးက Zoom အတွက် ဆက်လက်စူးစမ်းရမယ့် စမတ် venue ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် တစ်လျှောက် COVID-19 ကာကွယ်ဆေး ဖြန့်ချိလိုက်ရင် ကုမ္ပဏီတွေက ဝန်ထမ်းတွေကို ရုံးပြန်တက်ခိုင်းတဲ့အခါ ဗီဒီယိုကွန်ဖရင့်ပြုလုပ်နှုန်းကလည်း ကျဆင်းသွားမှာပါပဲ။

Zoom ပြိုင်ဘက်တွေက ဗီဒီယိုကွန်ဖရင့်ပါဝင်တဲ့ လုပ်ငန်းသုံး app suite တွေ ရှိကြပါတယ်။

Zoom က Microsoft ရဲ့ Office 365 နဲ့ Workspace bundle ဝန်ဆောင်မှုတွေနဲ့ ယှဉ်ပြိုင်ရပါမယ်။ အဲဒီ platform တွေမှာ calendar အပြင် အီးမေးလ်နဲ့ ဗီဒီယိုကွန်ဖရင့် ဝန်ဆောင်မှုတွေ ရှိပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««