Google Messages ပိုမိုလုံခြုံစေမယ့် လုပ်ဆောင်ချက်ပါဝင်လာနိုင်

Google Messages အတွက် end-to-end encryption ကိုဖန်တီးနေတယ်လို့ သိရပါတယ်။

Google Messages ရဲ့ မထွက်ရှိသေးတဲ့ app အတွင်းပိုင်း code တွေထဲမှာ end-to-end encryption လုပ်ဆောင်ချက်ကို ရည်ညွှန်းထားတယ်လို့ 9to5Google ကဖော်ပြခဲ့ပါတယ်။ APKMirror ပေါ်က app အတွင်းကို 9to5Google က အသေးစိတ် မွှေနှောက်ခဲ့ပြီး မကြာတော့တဲ့အနာဂတ်မှာ end-to-end encryption ကို Google ဖြန့်ချိမယ်ဆိုတာ တွေ့ခဲ့ပါတယ်။ Google ကတော့ တရားဝင် ထုတ်ဖော်မဆွေးနွေးသေးပါဘူး။ သုံးစွဲသူတွေကလည်း Google Messages မှာ end-to-end encryption ကိုအလိုရှိနေပါတယ်။ Google က iMesssage, Facebook Messenger နဲ့ WhatsApp တို့နဲ့ ယှဉ်ပြိုင်သွားဖို့ ရှိပါတယ်။

Google က Messages မှာ Rich Communictaion Services (RCS) စံချိန်စံညွှန်းကို အသုံးပြုမှာပါ။ Google ရဲ့ RCS ကြောင့် ဖိုင်အကြီးစားတွေကို ပေးပို့တာနဲ့ group message တွေက ပိုမိုလုံခြုံလာပါမယ်။

စိုးထက်
Ref: PCMag