Google Meet, Microsoft Teams နဲ့ WebEx က သုံးစွဲသူအချက်အလက်ကို ပိုမိုရယူနေဖွယ်ရှိ

Google Meet, Microsoft Teams နဲ့ WebEx ရဲ့သုံးစွဲသူ ပေါ်လစီတွေကို Consumer Reports က ဆန်းစစ်ခဲ့ရာမှာ သုံးစွဲသူအချက်အလက်တွေကို ပိုမိုစုဆောင်းနေဖွယ်ရှိတာ တွေ့ရပါတယ်။

အဲဒီ app တွေကို အသုံးပြုဖို့ မလုံခြုံဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ Consumer Reports ဖော်ပြချက်အရ Google နဲ့ Microsoft လိုမျိုး ကုမ္ပဏီဝန်ဆောင်မှုရဲ့ တစ်ကိုယ်ရေပေါ်လစီတွေကို သဘောတူညီလိုက်တာနဲ့ သုံးစွဲသူတစ်ကိုယ်ရေအချက်အလက်ကို ပိုမိုသုံးစွဲခွင့်ရပါတယ်။ သတင်းအရ ကုမ္ပဏီ ၃ ခုစလုံးက ဖုန်းခေါ်ဆိုမှုတွေအပြင် ဖုန်းခေါ်ဆိုမှုမှာ ပါဝင်သူတွေနဲ့ IP လိပ်စာတွေ စုဆောင်းဖို့ ခွင့်ပြုချက်ရရှိထားတယ်လို့ သိရပါတယ်။

ကမ္ဘာကြီးမှာ videoconferencing tool တွေကို ပိုမိုမှီခိုအသုံးပြုလာတာကြောင့် လူတွေက အဲဒီဝန်ဆောင်မှုတွေရဲ့ လုံခြုံရေးအစီအမံနဲ့ privacy ပေါ်လစီတွေကို ပိုမိုစိစစ်သင့်ပါတယ်။

ဖော်ပြထားတဲ့ ကုမ္ပဏီတွေက ဘယ်လိုအချက်အလက်တွေကို စုဆောင်းပြီး အသုံးပြုမယ်ဆိုတာ မပြောခဲ့ပါဘူး။ စုဆောင်းထားတဲ့ အချက်အလက်ကို အခြားသတင်းရင်းမြစ်နဲ့ ပေါင်းစက်ပြီး သုံးစွဲသူတွေရဲ့ ကိုယ်ရေးအကျဉ်းကို ဖန်တီးတာ ဒါမှမဟုတ် facial recognition စနစ်အတွက် ဗီဒီယိုမှာ အသုံးပြုတာ လုပ်လာနိုင်တယ်လို့ Consumer Reports ကဖော်ပြခဲ့ပါတယ်။

ဗီဒီယိုမှတ်တမ်းတင်တာနဲ့ စာနဲ့မှတ်တမ်းတင်တာတွေအတွက် အချက်အလက်စုဆောင်းပြီး မှတ်တမ်းတွေကို ကြော်ငြာအတွက် မသုံးဘူးလို့ Google Meet, Microsoft Teams နဲ့ WebEx က Consumer Reports ကပြောခဲ့ပါတယ်။

စိုးထက်
Ref: TheVerge

Viber မှာလည်း အင်တာနက်ဂျာနယ်က သတင်းတွေကို ဖတ်ရှုနိုင်တယ်နော် . . . ဒီ https://vb.me/internetjournalcommunity လင့်ခ်ကနေ ဝင်လိုက်ရုံပဲ. . .