Google Meet အခမဲ့ ခေါ်ဆိုမှုကို အကန့်အသတ်မရှိ အသုံးပြုနိုင်

Google ဟာ Meet ဗီဒီယိုကွန်ဖရင့် app မှာ လုပ်ဆောင်ချက်အသစ်တွေ ထည့်သွင်းနေပါတယ်။ ဒါ့အပြင် Gmail account တွေအတွက် လာမယ့်နှစ်အထိ Meet ခေါ်ဆိုမှုကို အကန့်အသတ်မရှိ လုပ်နိုင်အောင် ပြုလုပ်ထားပါတယ်။

မတ်လအစောပိုင်းမှာ Google ဟာ အဆင့်မြင့် Hangouts Meet လုပ်ဆောင်ချက်တွေဖြစ်တဲ့ လူ ၂၅၀ အစည်းအဝေးလုပ်တာ၊ ကုမ္ပဏီတွင်း တိုက်ရိုက်ထုတ်လွှင့်မှုနဲ့ Drive ထဲခေါ်ဆိုမှုကို မှတ်တမ်းတင်တာကို G Suite သုံးစွဲသူအားလုံးအတွက် ဖြန့်ချိခဲ့ပါတယ်။

တစ်လအကြာမှာတော့ Meet ကို Gmail ထဲပေါင်းစပ်ခဲ့ပါတယ်။ Meet သုံးစွဲသူတွေက စက်တင်ဘာ ၃၀ ရက် အထိ မိနစ် ၆၀ ကန့်သတ်မှုမရှိဘဲ အသုံးပြုနိုင်ပါတယ်။

အခုဆိုရင်တော့ account အားလုံး အတွက် Meet အကန့်အသတ် မရှိဘဲ လာမယ့်နှစ်အထိ အသုံးပြုနိုင်အောင် ရက်တိုးပေးလိုက်ပါတယ်။

-စိုးထက်
Ref: 9to5Google

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««