Google Map ကနေ ယာဉ်ကြောကြပ်တည်းမှုကို ကြည့်နိုင်ပြီ

Google Map ကနေပြီး ယာဉ်ကြောကြပ်တည်းမှုကို ကြည့်နိုင်ပြီလို့သိရပါတယ်။

လမ်းမပေါ်မှာ Traffic အနေအထားတွေကို အနီအစိမ်း အ၀ါရောင်တွေနဲ့ ပြသထားတာဖြစ်ပါတယ်။ Google Map ကိုဖွင့်လိုက်တာနဲ့ ယာဉ်ကြောကြပ်တည်းမှုတွေကို မိမိဖုန်းရှိရာနေရာကနေ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အနီရောင်အမှတ်အသား ပြထားတဲ့နေရာတွေဆိုရင်တော့ ယာဉ်ကြောပိတ်ဆို့နေတဲ့ နေရာတွေဖြစ်ပါတယ်။

မိုဘိုင်းဖုန်းပေါ်ကနေသာ ကြည့်ရှုနိုင်မှာဖြစ်ပြီး Desktop ပေါ်တွေမှာတော့ မပြဘူးလို့ အသုံးပြုသူအချို့ထံမှ သိရပါတယ်။

အစိမ်းရောင်အမှတ်အသားကတော့ လမ်းကြောချောင်တာဖြစ်ပြီး အ၀ါရောင်ကတော့ လမ်းမကြီးရဲ့ တည်နေရာဖြစ်တယ်လို့ သိရပါတယ်။ Google Map ပေါ်ကနေ ရန်ကုန်နဲ့ မန္တလေးမြို့တွေရဲ့လမ်းအခြေအနေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

-ထွန်းထွန်း