
Google Keep နေရာမှာ အစားထိုးဝင်ရောက်နိုင်မယ့် အခြား app တွေရှိပါတယ်။ အခုစာရင်းမှာ Google Keep နေရာအစားထိုးနိုင်မယ့် အခမဲ့ open-source app တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ တချို့ app တွေက Google Keep လိုမျိုး cloud နဲ့ sync လုပ်နိုင်ပါတယ်။
NextCloud ဟာ open-source app ဖြစ်ပြီး ကိုယ်ပိုင် cloud storage တစ်ခုကို ဖန်တီးနိုင်တဲ့ ဆာဗာ app တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် plugin တချို့လည်းပါဝင်ပြီး Google service နေရာအစားထိုးအသုံးပြုနိုင်ပါတယ်။
NextCloud ကို set up လုပ်ပြီးရင်တော့ Notes extension ကို အခမဲ့ install လုပ်ပြီး Google Keep လိုမျိုး ဝက်ဘ်ဆိုက်ကနေ အသုံးပြုနိုင်ပါတယ်။ NextCloud ကို Android မှာဆိုရင်တော့ ဒေါ်လာ ၂.၄၉ နဲ့ ဝယ်ယူရပါမယ်။
Standard Notes ဟာ ထုတ်ကုန်အမျိုးမျိုးမှာ တစ်ပြိုင်နက်တည်း အသုံးပြုနိုင်အောင် ထောက်ပံ့ထားပါတယ်။ Standard Notes က desktop နဲ့မိုဘိုင်း platform တွေအားလုံးအတွက် app တွေဖြန့်ချိထားပါယ်။ မှတ်စုတွေကို လုံခြုံစွာ သိမ်းဆည်းပေးထားပြီး ထုတ်ကုန်များစွာနဲ့ sync လုပ်နိုင်ပါတယ်။
အခု app ရဲ့ client တွေက open-source ဖြစ်တဲ့အတွက် ဆာဗာအတွက် code တွေရယူနိုင်ပါတယ်။ ကိုယ်ပိုင် ဆာဗာမှာလည်း host လုပ်နိုင်ပါတယ်။ Standard Notes က အခမဲ့ဖြစ်ပြီး in-app purchase ပါဝင်လာပါတယ်။
Simple Notes ကတော့ ဒီဇိုင်းပိုင်း ရိုးရှင်းပါတယ်။ မှတ်စုတွေအတွက် swipe လုပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် folder အပြင် list ပုံစံနဲ့လည်း မှတ်စုတွေကို မြင်နိုင်ပါတယ်။ Simple Notes ဟာ အခြေခံဒီဇိုင်းဖြစ်ပြီး sync လုပ်ဆောင်ချက်နဲ့ format တွေလည်း မပါဝင်ပါဘူး။ Simple Notes ကို ဖုန်းပေါ်မှာ widget တစ်ခုအဖြစ် ထည့်သွင်းနိုင်ပါတယ်။ Simple Notes ကို Plat Store မှာအခမဲ့ ရယူနိုင်ပါတယ်။ Pro ဗားရှင်းကတော့ ဒေါ်လာ ၁.၁၉ နဲ့ ဝယ်ယူရပါမယ်။
Android ထုတ်ကုန်တွေအတွက် အခြား ROM တွေဖန်တီးနိုင်တဲ့ Potato Open Sauce Project က PotatoNotes ကိုဖန်တီးခဲ့ပါတယ်။ ဒီဇိုင်းက Google Keep နဲ့ဆင်ပြီး မှတ်စုတွေကို စီစဉ်တကျ နေရာချနိုင်ပါတယ်။ မှတ်စုနောက်ခံအတွက် အရောင်တွေ ထည့်သွင်းနိုင်ပါတယ်။ မှတ်စုအတွက် password ဒါမှမဟုတ် pin ကို ထည့်သွင်းတာ၊ အကြောင်းအရာအလိုက် ရှာဖွေတာနဲ့ theme ကိုပြောင်းလဲနိုင်ပါတယ်။ PotatoNotes ကို အခမဲ့ရယူနိုင်ပါတယ်။ ဒါပေမဲ့ sync လုပ်ဆောင်ချက်တော့ မပါဝင်လာပါဘူး။
-စိုးထက်
Ref: AndroidPolice