Google Inbox ထောက်ပံ့မှုကို ရပ်ဆိုင်း

Google ဟာ ၂၀၁၄ ခုနှစ်က ဖြန့်ချိခဲ့တဲ့ email client တစ်ခုဖြစ်တဲ့ Inbox ကို တရားဝင်ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ Google ဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း Inbox ကိုစတင်ပိတ်သိမ်းနေပြီး Gmail ကိုပဲ အပြည့်အဝ အာရုံစိုက်သွားမယ်လို့ သိရပါတယ်။ ဒါကြောင့် Google Inbox ကို ဖုန်းနဲ့ desktop မှာဖွင့်တဲ့အခါ သတိပေးချက်တွေ တက်လာမှာ ဖြစ်ပါတယ်။

လအနည်းငယ်အတွင်း folding Inbox feature တွေကို Gmail မှာထည့်သွင်းထားတဲ့အတွက် Google ထုတ်ကုန်ကိုပဲ ဆက်လက်အသုံးပြုနိုင်ပါတယ်။

ဒါမှမဟုတ်လည်း သုံးစွဲသူက အခြားဝန်ဆောင်မှုအဖြစ် Spark ကိုအသုံးပြုနိုင်ပါတယ်။ Spark ကို Android အတွက်ဖြန့်ချိထားပြီး Gmail, iCloud, Exchang, Outlook Kerio Connect နဲ့ IMAP email account တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

စိုးထက်
Ref: CNET