Google Hangouts သုံးစွဲသူတွေကို Chat ဆီရွှေ့ပြောင်းမယ်

Google ဟာ Hangouts app ကိုပိတ်သိမ်းပြီး Google Chat ဆီရွှေ့ပြောင်းမှု လုပ်ငန်းစဉ်ကို စတင်နေတယ်လို့ blogpost မှာရေးသားခဲ့ပါတယ်။ Google ဟာ ၂၀၁၉ ခုနှစ်က ကြေညာထားတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ G Suite သုံးစွဲသူတွေအတွက် Hangouts ထောက်ပံ့မှုကို ပိတ်သိမ်းပြီးနောက် ၂၀၂၀ မှာတော့ တစ်ဦးချင်းသုံးစွဲသူတွေအပေါ် ထောက်ပံ့မှုကို ပိတ်သိမ်းမယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။

“၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ လူတိုင်း Hangouts ကနေ Chat ကို စတင်အဆင့်မြှင့်နိုင်ပါပြီ” လို့ Google ကရေးသားခဲ့ပါတယ်။ “အဲဒီ လုပ်ငန်းစဉ် ချောမွေ့စေဖို့ Hangouts ပြောစကားတွေကိုတော့ အလိုအလျောက် လွှဲပြောင်းပေးသလို contact နဲ့ save ထားတဲ history တွေလည်း ပါဝင်မယ်” Google က အချိန်ကိုက် ပြုလုပ်ရမယ့် ကိစ္စတွေကို အသွင်ကူးပြောင်းရေး စတင်တဲ့အချိန် လမ်းညွှန်တွေကိုလည်း ဝေမျှပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««