Google for Education Service ကို ​တောင်ကြီး ကွန်ပျူတာတက္ကသိုလ်တွင် ပထမဆုံး စတင်အသုံးပြုမည်

Google for Education Service ကို တောင်ကြီး ကွန်ပျူတာတက္ကသိုလ်မှာ ပထမဆုံး စတင်အသုံးပြုသွားမယ်လို့ သိရပါတယ်။

အဆိုပါတက္ကသိုလ်မှာ မြန်မာနိုင်ငံ အစိုးရတက္ကသိုလ်နဲ့ ကောလိပ်များအတွင်း Google ရဲ့ Terms of Service ကိုလက်မှတ်ရေးထိုးကာ Google for Education ကို စတင်အသုံးပြုတဲ့ ပထမဦးဆုံး ရှေ့ဆောင်တက္ကသိုလ် ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှ စတင်တာဖြစ်ပါတယ်။

“Google က ကွန်ပျူတာတက္ကသိုလ် (​တောင်ကြီး) ကို Pilot Test စတင် ဖို့ Terms and Service ကို သဘောတူလက်မှတ်ထိုးခဲ့ပြီး Google for Education ကို ပထမဆုံး တက္ကသိုလ် အ​နေနဲ့ စတင်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိ​တဲ့ တခြားတက္ကသိုလ် ၁၆၄ ခု ကိုလည်း Google for Education ထပ်မံ​ပေးနိုင်ဖို့ ပါ​မောက္ခချုပ်များ​ကော်မတီ နှင့် ချိတ်ဆက်ပြီး​ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အတွက် ကျန်ရှိ​သောတက္ကသိုလ်များမှာလည်း မကြာခင်ကာလအတွင်းမှာပဲ Google for Education Service ရရှိ​တော့မှာ ဖြစ်ပါတယ်။ Google for Education (G Suite) service ကို မြန်မာနိုင်ငံအတွက် ​ရရှိနိုင်ဖို့ ​ဆောင်ရွက်ရာမှာ Google ရဲ့ Asia-Pacific Engineer team ​ရော Aaron Private Company က ကိုသန့်ဇင်ဦး နဲ့ ကိုရဲမင်းစိုးဟာ စိတ်အားထက်သန်စွာ နဲ့ ကြိုးကြိုးစားစား​ ဆောင်ရွက်​ပေးကြပါတယ်။ အဲဒီအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မြန်မာနိုင်ငံဟာ Google for Education (G Suite) ရရှိဖို့ ရဲ့ Drop-down list မှာမပါဘဲ Offline Configuration ပြုလုပ်​ပေးရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Google က မြန်မာနိုင်ငံမှ တက္ကသိုလ်​တွေရဲ့ official domain namespace ​တွေကို Google Engineer Team ကထည့်သွင်း​ပေးမှာဖြစ်ပါတယ်” လို့ ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး) မှ ပါမောက္ခချုပ် ဒေါက်တာသင်းသုနိုင် ကပြောပါတယ်။

Google for Education စတင် အသုံးပြုနိုင်ရန် တက္ကသိုလ်​များမှ ​ကျောင်းသား​ ကျောင်းသူများနဲ့ ဆရာ ဆရာမများ အ​နေနဲ့ မိမိတို့ တက္ကသိုလ် ရဲ့ edu.mm email account ​များဖြင့် အသုံးပြု​ဆောင်ရွက်ကြရမှာ ဖြစ်ပြီး တက္ကသိုလ်အားလုံး အ​နေနဲ့ ဆရာ ဆရာမများ/ ​​ကျောင်းသူ​ ကျောင်းသား အားလုံးကို တက္ကသိုလ် domain နဲ့ edu.mm email ​တွေ ကြိုတင် တည်​ဆောက်​ပေးထားရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ ကွန်ပျူတာတက္ကသိုလ် အားလုံးမှာ အသုံးပြုရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ပြီး Google for Education service ​ရှိတဲ့အတွက် Online Learnig အတွက် ပြဿနာ​တွေဖြစ်သော တစ်ပြိုင်နက်တည်း သုံးမည့် Concurrent users အ​ရေအတွက်​တွေ Online Content ​တွေအတွက် Storage စတာ​တွေအတွက် စိတ်ပူစရာမလိုဘဲ Free for Education သုံးနိုင်​တော့မှာဖြစ်တယ်လို့ ဒေါက်တာသင်းသုနိုင်က ဆက်လက်ပြောကြားခဲ့ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««