ဆံပင်ညှပ်ဖို့ ဆလွန်းမှာ ကြိုတင်ဘွတ်ကင် လုပ်ပေးမယ့် Google Duplex လုပ်ဆောင်ချက်

Google Assistant ကတော့ ဆံပင်ညှပ်ဖို့ ဆလွန်းကို ဖုန်းခေါ်ဆိုပြီး ကြိုတင်ဘွတ်ကင်လုပ်ပေးမယ့် လုပ်ဆောင်ချက်ကို ထည့်သွင်းပါတော့မယ်။

အဲဒီ လုပ်ဆောင်ချက်ကတော့ လွန်ခဲ့တဲ့ ၂ နှစ်က Duplex ပထမဆုံး စတင် မိတ်ဆက်တုန်းက ပါဝင်ခဲ့ပါတယ်။ Google Duplex ကတော့ လူသားအသံနဲ့ စတိုးဆိုင်တွေကို ဖုန်းခေါ်ဆိုပြီး ပစ္စည်းတွေကို မှာယူပေးနိုင်ပါတယ်။ Google Duplex ရဲ့ စားသောက်ဆိုင်တွေမှာ စားပွဲရယူတဲ့ လုပ်ဆောင်ချက်ကိုတော့ ၂၀၁၈ ခုနှစ်မှာ အမေရိကန်အတွက် ဖြန့်ချိပေးခဲ့ပါတယ်။

Google ကတော့ အခု feature ကိုတော့ အမေရိကန်အတွက် ဖြန့်ချိလိုက်တယ်လို့ အတည်ပြုခဲ့ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««