Google Duo ဝက်ဘ်ဆိုက်မှာ group video call လုပ်ဆောင်ချက် ပါဝင်လာမယ်

မတ်လမှာ COVID-19 ကပ်ရောဂါကာလအတွင်း Google က Duo ပေါ်က group video call ပါဝင်သူဦးရေ ကန့်သတ်မှု ၈ဦးကနေ ၁၂ဦးအထိ ခွင့်ပြုလိုက်ပါတယ်။ အခုဆိုရင် Google က Duo သုံးစွဲသူတွေ ဝက်ဘ်ပေါ်မှာ group video call အသုံးပြုနိုင်အောင် ပြုလုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီလုပ်ဆောင်ချက်ကို Chrome မှာ preview အဖြစ်တွေ့နိုင်ပါတယ်။

Chrome အတွက် group call ထောက်ပံ့မှုကို လာမယ့်အပတ်အတွင်း ဖြန့်ချိမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ layout အသစ်ကိုလည်း ဖြန့်ချိလိုက်ပါတယ်။ ဒါ့အပြင် လူတွေ group call ကို join နိုင်ဖို့ invite လင့်ခ်ကို အလွယ်တကူထုတ်နိုင်ပါတယ်။
Google ကအချိန်နဲ့တစ်ပြေးညီ screen ပေါ်မှာ ရေးခြစ်မှုအပြင် mask တပ်တာနဲ့ effect တွေအတွက် Family Mode ကိုထည့်သွင်းပေးလိုက်ပါတယ်။ Video call ပြောဆိုနေစဉ်အတွင်း မတော်တဆနှိပ်မိတာကို ရှောင်လွှဲနိုင်ဖို့ screen ပေါ်က mute နဲ့ end call ခလုတ်တွေကို ကွယ်ဝှက်ပေးထားပါတယ်။ Family Mode ကိုအသုံးပြုဖို့ Google account နဲ့ Duo ကိုဝင်ရပါမယ်။
Family Mode မှာပါဝင်တဲ့ mask နဲ့ effect တွေကို Android နဲ့ iOS အတွင်းက တစ်ယောက်ချင်း video call မှာလည်း အသုံးပြုနိုင်ပါမယ်။

စိုးထက်
Ref: GSMArena