Google Chrome သုံးစွဲသူတွေ သိထားသင့်တဲ့ နည်းလမ်းများ

Chrome ဟာ မိုဘိုင်းသုံးစွဲသူတွေအကြားမှာ ရေပန်းစားတဲ့ browser ဖြစ်ပြီး ၂၀၁၉ ဩဂုတ်လမှာ ဈေးကွက်ဝေစု ၆၀ ရာခိုင်နှုန်းရှိပါတယ်။ Chrome ဟာ သုံးစွဲရတာ ပေါ့ပါးပြီး feature တွေစုံလင်ပြီး မြန်နှုန်းမြင့်မားသလို သက်သောင့်သက်သာ ရှိပါတယ်။ Android ဖုန်းအများစုမှာလည်း ပါဝင်ပြီးသားဖြစ်တဲ့အတွက် သုံးစွဲမှုမြင့်မားပါတယ်။

အခုအခါမှာ Android မှာ chrome သုံးစွဲသူတွေအတွက် အသုံးဝင်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေးချင်ပါတယ်။ Google ရဲ့မိုဘိုင်း browser ဟာ ရိုးရှင်းပြီး သုံးစွဲသူအတွေ့အကြုံ တိုးတက်စေဖို့ (တရားဝင်နဲ့ စမ်းသပ်) feature များစွာ ပါဝင်လာပါတယ်။ Chrome ရဲ့နည်းလမ်းတွေကို လူအများစုက မသိရှိသေးနိုင်တဲ့အတွက် အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) Dark mode

Developer တွေဟာ Android app တွေအတွက် dark mode ကိုထည့်သွင်းနေပါတယ်။ Google ကလည်း အလားတူလုပ်ရပ်မျိုး ပြုလုပ်ခဲ့ပါတယ်။ Chrome မှာ dark mode ကိုအသုံးပြုမယ်ဆိုရင် ညာဘက်က အစက်သုံးစက် menu နှိပ်ပြီး Settings ထဲဝင်ရောက်ပါ။ Themes ထဲက Dark ကိုရွေးချယ်ရပါမယ်။

(၂) Data Saver

Chrome ကိုအသုံးပြုရတာ ပိုမို မြန်ဆန်စေဖို့ data သုံးစွဲသူမှုကို လျှော့ချနိုင်ပါတယ်။ သုံးစွဲသူက ဈေးနှုန်းမြင့်မားတဲ့ data သုံးစွဲမှုလျှော့ချဖို့ Settings > Data Saver ကိုရွေးချယ်ပြီး ဖွင့်နိုင်ပါတယ်။

(၃) Google Sync

Android မှာ Chrome ကိုအသုံးပြုမယ်ဆိုရင် cloud နဲ့ အင်တာနက်က အရေးပါလာပါတယ်။ Google အနေနဲ့ ထုတ်ကုန်တွေအမျိုးမျိုးမှာ Chrome ကိုအသုံးချနိုင်ဖို့ sync လုပ်ပေးနိုင်ပါတယ်။ Chrome အချက်အလက် များစွာထဲမှာ bookmark တွေ၊ history, passwords နဲ့ tab တွေအပြင် အကြွေးဝယ်ကတ် အချက်လက်တွေ ပါဝင်လာပါတယ်။ သုံးစွဲသူက Chrome > menu> Settings> Account> Sign in to Chrome ကို ရွေးချယ်ရပါမယ်။ ပြီးတော့ sign in လုပ်ဖို့ ညွှန်ကြားချက်တွေကို လိုက်နာရပါမယ်။ အဲဒီနောက် Sync and Google services ကိုအသုံးပြုနိုင်ပါပြီ။

(၄) Preload page

Chrome မှာ ဝက်ဘ်ဆိုက်စာမျက်နှာတွေ မြန်ဆန်စွာ ပေါ်လာအောင် ပြုလုပ်ပေမယ့် feature တွေ ပါဝင်လာပါတယ်။ နောက်ကွယ်မှာ စာမျက်နှာတွေ မြန်ဆန်စွာ ပေါ်လာအောင် ပြုလုပ်ပေးမယ် feature ဖြစ်ပါတယ်။ အဲဒီ feature က cookie တွေသုံးစွဲတာထက် ပိုမိုမြန်ဆန်ပေမယ့် အသုံးမပြုတဲ့အခါ data ကို အလဟဿဖြစ်စေပါတယ်။ သုံးစွဲသူက Settings> Privacy ထဲက Preload pages for faster browsing and searching ကိုဖွင့်ရပါမယ်။

(၅) Switch Search engine

သုံးစွဲသူက နှစ်သက်ရာ search engine ကို default အဖြစ် ထားရှိနိုင်ပါတယ်။ သုံးစွဲသူက Settings> Search engine မှာကြိုက်နှစ်သက်တဲ့ search engine ကိုရွေးချယ်နိုင်ပါတယ်။

(၆) Tab တွေကို swipe လုပ်ခြင်း

Google Chrome ရဲ့အားသာချက်တစ်ခုက tab တွေကို အလွယ်တကူ ပြောင်းလဲပြီး swipe လုပ်ကာ ဖယ်ရှားနိုင်ပါတယ်။ ဒါကြောင့် tab များစွာ အလျင်မပြတ် အသုံးပြုနိုင်ပါတယ်။

(၇) Tab ကိုရေပြင်ညီအဖြစ် ပြောင်းလဲခြင်း

တကယ်လို့ Chrome သုံးစွဲသူတွေက ပုံမှန်ရေပြင်ညီ tab ကိုပဲအသုံးပြုလိုရင် ပြောင်းလဲနိုင်ပါတယ်။ Chrome ရဲ့ စမ်းသပ်နေဆဲ ရေပြင်ညီ tab အပြောင်းအလဲကို သုံးစွဲနိုင်ပါတယ်။ သုံးစွဲသူက address bar အတွင်း Chrome://flags ဆိုတာရိုက်ပြီး enter နှိပ်ရပါမယ်။ “Enable horizontal tab switcher” ကိုရှာဖွေပြီး drop-down menu ကို tap လုပ်ကာ Enabled ကိုရွေးချယ်ရပါမယ်။

(၈) Tab တွေကို စုစည်းခြင်း

သုံးစွဲသူရဲ့ tab တွေကို ကောင်းမွန်စွာ စုစည်းဖို့အတွက် အလွန်ကောင်းမွန်တဲ့ feature ဖြစ်ပါတယ်။ အသုံးပြုလိုရင်တော့ Chrome://flags ကို address bar မှာရိုက်ထည့်ပြီး enter နှိပ်ရပါမယ်။ “Tab Groups” ကိုရှာဖွေပြီး Enabled ကိုရွေးချယ်ကာ Chrome ကိုပြန်ဖွင့်ဖို့ လိုအပ်ပါတယ်။

(၉) အချက်အလက်တွေကို ဝေမျှမှု ပိုမိုလွယ်ကူ

အခြား app အတွင်းမှာ အီးမေးလ်၊ ဖုန်းနံပါတ်တွေနဲ့ လိပ်စာတွေ copy, paste လုပ်ရတာ စိတ်ပျက်စရာ ဖြစ်ပါတယ်။ iOS အတွက် Safari မှာ လူတွေနဲ့ အခြားဝန်ဆောင်မှုကို ဆက်သွယ်ဖို့ လင့်ခ်အဖြစ် အသွင်ပြောင်းလဲပေးနိုင်ပါတယ်။ Android အတွက် Chrome မှာလည်း အဲဒီ feature များစွာမပါဝင်ပေမယ့် အလားတူလုပ်ဆောင်ချက်မျိုး ပါဝင်လာပါတယ်။

သုံးစွဲသူ ဖုန်းနံပါတ်၊ အီးမေးလ် ဒါမှမဟုတ် လိပ်စာကို အချိန်အတော်ကြာ ဖိထားလိုက်ရင် ဘားတစ်ခုပေါ်လာပါမယ်။ အဲဒီအခါမှာ သတင်းအချက်အလက်ကို Gmail, Phone ဒါမှမဟုတ် Google Maps မှာအသုံးပြုနိုင်မယ့် option ပါဝင်လာပါမယ်။

(၁၀) Zoom

သုံးစွဲသူက ဝက်ဘ်ဆိုက်စာမျက်နှာ အားလုံးမှာ zoom အမျိုးမျိုး အသုံးပြုနိုင်ပါမယ်။ သုံးစွဲသူက Settings ထဲ Accessibility ကိုရွေးချယ်ပြီး Force enable zoom ကိုအမှတ်ခြစ်ပေးရပါမယ်။

(၁၁) Autoplay ကိုဖယ်ရှားခြင်း

သုံးစွဲသူက Settings ထဲက Site settings ကိုရွေးချယ်ပြီး Media ကိုရွေးချယ်ရပါမယ်။ အဲဒီထဲက Autoplay ကိုရွေးချယ်ပြီး ဗီဒီယိုနဲ့ အသံတွေ အလိုအလျောက်ပွင့်တာကို ပိတ်နိုင်ပါတယ်။

(၁၂) ဖိုင်တွေကို အပြိုင် download လုပ်ခြင်း

Android အတွက် Chrome မှာ ဖိုင်ဆိုဒ်အကြီးစားတွေ download ပြုလုပ်တဲ့အခါမှာ Parallel downloading ကအသုံးဝင်လာပါမယ်။ Parallel downloading ဟာ ဖိုင်တွေကို တစ်ပြိုင်နက်တည်း download ပြုလုပ်ဖို့ အတွက် ဖိုင်တစ်ခုကို အစိတ်အပိုင်းများစွာ ပိုင်းလိုက်တဲ့ မြန်နှုန်းလည်း မြင့်တက်လာပါတယ်။ သုံးစွဲသူက Chrome://flags ကို address ဘားမှာရိုက်ထည့်ပြီး “Parallel downloading ကိုရှာဖွေပြီး Enabled လုပ်ပေးရပါမယ်။

(၁၃) ဝက်ဘ်ဆိုက် shortcut

သုံးစွဲသူ Chrome ကိုဖွင့်ပါ။ ဝက်ဘ်ဆိုက်တစ်ခုကို ဖွင့်ပြီး menu ထဲက Add to Home Screen ကိုရွေးချယ်ပေးပါ။ သုံးစွဲသူက နာမည်ရိုက်ထည့်ပေးရပြီး Add ကိုနှိပ်ရပါမယ်။ သုံးစွဲသူက shortcut ကိုအဆင်ပြေတဲ့နေရာမှာ ထားနိုင်ပါတယ်။

(၁၄) Reader Mode ကိုအသုံးပြုခြင်း

ဝက်ဘ်ဆိုက်က စာတွေကို ရိုးရှင်းစွာဖတ်နိုင်ဖို့ သုံးစွဲသူက Reader mode ကိုအသုံးပြုနိုင်ပါတယ်။ အဲဒီအတွက် သုံးစွဲသူက Chrome://flags ကိုရိုက်ထည့်ပြီး “Reader mode triggering” ရှာဖွေကာ Always ကိုရွေးချယ်ပေးပါ။

(၁၅) Toolbar ကိုမျက်နှာပြင်အောက်ခြေ ရွှေ့ပြောင်းခြင်း

Android အတွက် Chrome မှာ address ဘားဘေးက menu အပြင် home ခလုတ်နဲ့ tab switcher ကို မျက်နှာပြင်အောက်ခြေ ရွှေ့ပြောင်းလို့ရပါတယ်။ သုံးစွဲသူက Chrome://flags ကိုရိုက်ထည့်ပြီး “Chrome duet” ကိုရှာဖွေကာ Enabled လုပ်ရပါမယ်။ ပြီးတော့ Chrome ကိုပြန်လည်ဖွင့်ရပါမယ်။

(၁၆) ဝက်ဘ်ဆိုက် refresh လုပ်ခြင်း

Chrome မှာ ဝက်ဘ်ဆိုက်ကို refresh လုပ်ဖို့အတွက် နည်းလမ်းများစွာ ရှိပါတယ်။ ဒါပေမဲ့ အမြန်ဆန်ဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းကတော့ swipe down လုပ်ပြီး refresh လုပ်တာပဲ ဖြစ်ပါတယ်။

(၁၇) Desktop ဝက်ဘ်ဆိုက်ကို အသုံးပြုခြင်း

Android အတွက် Chrome မှာမိုဘိုင်းဝက်ဘ်ဆိုက်တွေကို အကောင်းဆုံး ပြသပေးပါတယ်။ မိုဘိုင်းဝက်ဘ်ဆိုက်တွေက desktop လိုမျိုး feature မစုံလင်ပါဘူး။ တကယ်လို့ Chrome မှာ desktop ဝက်ဘ်ဆိုက်ကို အသုံးပြုမယ်ဆိုရင် Chrome အတွင်းက အစက် ၃ စက် menu ကတစ်ဆင့် Desktop site ကိုရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

(၁၈) Chrome မှာ စာသားအရွယ်အစားကို ပြောင်းလဲခြင်း

Chrome မှာ ဝက်ဘ်ဆိုက်က စာသားအရွယ်အစားကို ပြောင်းလဲနိုင်ဖို့ Settings ထဲက Accessibility ကို ရွေးချယ်ရပါမယ်။ Text scaling မှာ font အရွယ်အစားကို ပြောင်းလဲဖို့ ဘယ်ဘက် ဒါမှမဟုတ် ညာဘက်ကို swip လုပ်ပေးရပါမယ်။

(၁၉) ဝက်ဘ်ဆိုက်တွေကို ဘာသာပြန်ခြင်း

Chrome မှာ Google Translate ကိုလည်း ပေါင်းစပ်ထည့်သွင်းထားပါတယ်။ ထောက်ပံ့ထားတဲ့ ဘာသာစကားပါဝင်တဲ့ ဘယ်ဝက်ဘ်ဆိုက်မှာမဆို အသုံးပြုနိုင်ပါတယ်။ သုံးစွဲသူက အစက်သုံးစက် menu ကတစ်ဆင့် Translate ကိုရွေးချယ်ပါ။ အစက်သုံးစက် menu ကိုနှိပ်ပြီး သိလိုတဲ့ ဘာသာစကားထည့်သွင်းဖို့ More languages ကိုရွေးချယ်ပါမယ်။ သုံးစွဲသူက ဝက်ဘ်ဆိုက်မှာ မြင်တွေ့လိုတဲ့ ဘာသာစကားကို ရွေးချယ်ပေးရုံပါပဲ။

(၂၀) Incognito Mode ကိုအသုံးပြုခြင်း

သုံးစွဲသူက အင်တာနက် လုပ်ဆောင်ချက်တွေကို တစ်ကိုယ်ရေသီးသန့်ပဲ ရှိစေချင်ရင် Incognito Mode ကို အသုံးပြုစေပါတယ်။ Incognito mode က သုံးစွဲသူ history ဒါမှမဟုတ် ဖုန်းအတွင်းမှာ အချက်အလက်ကို သိမ်းဆည်းထားမှာ မဟုတ်ပါဘူး။ သုံးစွဲသူက အစက်သုံးစက် menu ကနေ New incognito tab ကိုဖွင့်ပြီး သုံးစွဲနိုင်ပါတယ်။

စိုးထက်

Ref: AndroidAuthority