Google Chrome က tab တွေစုစည်းပေးမယ့် feature ကိုစမ်းသပ်

Google Chrome က tab တွေစုစည်းပေးမယ့် feature ကိုစမ်းသပ်နေတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ feature က tab ဒါဇင်ပေါင်းများစွာကို စုစည်းပေးနိုင်ပါမယ်။

အခုလုပ်ဆောင်ချက်ကို Chrome Beta https://www.google.com/chrome/beta/ လင့်ခ်မှာ စမ်းသပ်နိုင်ပါတယ်။ လာမယ့်အပတ်အတွင်း Chrome desktop ဗားရှင်းအတွက် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ချိမယ်လို့ သိရပါတယ်။ Google ရဲ့ tab စုစည်းတဲ့ feature ကအလွန်အသုံးဝင်လာပါမယ်။ သုံးစွဲသူက tab တစ်ခုပေါ်မှာ right-click ကိုနှိပ်ပြီး အဖွဲ့တစ်ခုအဖြစ် စုစည်းကာ နာမည်နဲ့ အရောင်တွေ သတ်မှတ်နိုင်ပါယ်။ ဒါ့အပြင် သုံးစွဲသူက အဖွဲ့အတွင်းက tab တွေအားလုံးက အရောင်ကို တွေ့နိုင်ပြီး tab တွေကို drag လုပ်ကာ ထည့်သွင်းရပါမယ်။

စိုးထက်
Ref: TheVerge