Google Authenticator ကို Windows 10 မှာ ဘယ်လို သုံးစွဲမလဲ

Google Authenticator ဟာ အသုံးဝင်တဲ့ app တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ Desktop တွေအတွက် တရားဝင် app မလုပ်ပေးသေးတာကတော့ စိတ်ပျက်စရာ ကောင်းလှပါတယ်။ Google Authenticator ကို ကွန်ပျူတာမှာ သုံးချင်တယ်ဆိုရင်တော့ အခြားနည်းလမ်းတွေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

အရင်ဆုံး 2-Step Verification ကို ဖွင့်ဖို့အတွက် https://bit.ly/35aiAgm (Google account security page) ကို သွားရပါမယ်။ ပြီးရင် 2-Step Verification ကို ဖွင့်ပါ။ Authenticator App နေရာမှာ Set Up ဆိုတာကိုနှိပ်ရပါမယ်။ QR Code ကို scan လုပ်ဖို့မဖြစ်နိုင် တဲ့အတွက် CAN’T SCAN IT? ဆိုတာကို နှိပ်လိုက်ရင် နောက် ထပ်စာမျက်နှာ တစ်နေရာမှာ secret key တစ်ခုကိုပေးထား ပါလိမ့်မယ်။ Copy လုပ်ထားလိုက်ပါ။

ကွန်ပျူတာမှာ Google Authenticator ကို သုံးဖို့အတွက် https://bit.ly/2T2OndG (WinAuth) ဆိုတဲ့ဆော့ဖ်ဝဲကို download လုပ်ရပါမယ်။ ဒီဆောဖ့်ဝဲဟာ open-source app တစ်ခုဖြစ်ပါတယ်။ WinAuth ကို ထည့်သွင်းပြီးပြီရင်ဆိုရင် Add button ကိုနှိပ်ပြီး Google ကိုရွေးချယ်ပါ။ ခုနက copy လုပ်ထားတဲ့ secret key ကို ထည့်သွင်းပေးပြီး Verify Authenticator ကို နှိပ်လိုက်ပါ။ ဖော်ပြပေးထားတဲ့ code တွေကို ကူးယူပြီး ခုနက secret key ယူထားတဲ့နေရာမှာ Next ကို နှိပ်ကာ code ကို ဖြည့်လိုက်ပါ။ ဒါဆိုရင် ကွန်ပျူတာတွေမှာ Google Authenticator ကို ထည့်သွင်းသုံးစွဲဖို့အတွက်လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ပြီးဆုံးသွားပြီဖြစ်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««