Google Assistant အသံဖိုင္ ၁,၀၀၀ ေက်ာ္ ေပါက္ၾကား

[Zawgyi]

Google digital assistant ဟာ စကားေျပာဆုိမႈေတြနဲ႔ အိမ္ပုိင္ရွင္ေတြရဲ႕ အိမ္အတြင္းက အသံေတြကုိ မွတ္တမ္းတင္ထားၿပီး သုံးသပ္မႈျပဳလုပ္ဖုိ႔ message ေတြကုိ လူသားေတြဆီ ေပးပို႔ေပးတယ္လို႔ ဘယ္လ္ဂ်ီယံအသံလႊင့္ဌာန VRT NWS ကထုတ္ျပန္ခဲ့ပါတယ္။ Google Home ထုတ္ကုန္မွာ Google Assistant ပါဝင္ၿပီး Google Assistant ကုိ Android ဖုန္းေတြမွာ ေတြ႕ႏိုင္ပါတယ္။

Google ဟာ Amazon ရဲ႕ Alexa လိုမ်ိဳး Google Assistant မွတ္တမ္းေတြနဲ႔ စာသားမွတ္တမ္းေတြကုိ နားေထာင္ဖို႔ လူေတြကုိ ပုိက္ဆံေပးခန္႔အပ္ထားပါတယ္။ တခ်ိဳ႕ကိစၥေတြမွာ လူသားေတြက စမတ္ထုတ္ကုန္ ဒါမွမဟုတ္ စမတ္ဖုန္းမွာ ညႊန္ၾကားထားတဲ့အရာေတြကုိ နားေထာင္ၾကပါတယ္။

“VRT NWS အေနနဲ႔ စကားေျပာမႈ ေထာင္ေပါင္းမ်ားစြာကေန ေကာက္ႏုတ္ထားတဲ့ အသံဖိုင္ကုိ နားေထာင္ခဲ့ၿပီး စကားေျပာဆိုမႈ ၁၅၃ ခုမွာ Okay Google လို႔ညႊန္ၾကားထားတဲ့ အသံေတြကုိ မွတ္တမ္းမတင္ထားသင့္ပါဘူး” လို႔ ထုတ္ျပန္ခဲ့ပါတယ္။

VRT NWS ဟာ ေပါက္ၾကားထြက္ေပၚလာတဲ့ အသံဖိုင္ေတြမွာ အိပ္ခန္းတြင္း စကားေျပာဆုိမႈ၊ မိဘနဲ႔ သားသမီးအၾကား စကားေျပာဆိုမႈအျပင္ ေဒါသတႀကီး ေျပာဆိုေနတဲ့ အသံေတြပါဝင္တယ္လို႔ ေျပာခဲ့ပါတယ္။

စိုးထက္
Ref: Mashable

[Unicode]

Google digital assistant ဟာ စကားပြောဆိုမှုတွေနဲ့ အိမ်ပိုင်ရှင်တွေရဲ့ အိမ်အတွင်းက အသံတွေကို မှတ်တမ်းတင်ထားပြီး သုံးသပ်မှုပြုလုပ်ဖို့ message တွေကို လူသားတွေဆီ ပေးပို့ပေးတယ်လို့ ဘယ်လ်ဂျီယံအသံလွှင့်ဌာန VRT NWS ကထုတ်ပြန်ခဲ့ပါတယ်။ Google Home ထုတ်ကုန်မှာ Google Assistant ပါဝင်ပြီး Google Assistant ကို Android ဖုန်းတွေမှာ တွေ့နိုင်ပါတယ်။

Google ဟာ Amazon ရဲ့ Alexa လိုမျိုး Google Assistant မှတ်တမ်းတွေနဲ့ စာသားမှတ်တမ်းတွေကို နားထောင်ဖို့ လူတွေကို ပိုက်ဆံပေးခန့်အပ်ထားပါတယ်။ တချို့ကိစ္စတွေမှာ လူသားတွေက စမတ်ထုတ်ကုန် ဒါမှမဟုတ် စမတ်ဖုန်းမှာ ညွှန်ကြားထားတဲ့အရာတွေကို နားထောင်ကြပါတယ်။
“VRT NWS အနေနဲ့ စကားပြောမှု ထောင်ပေါင်းများစွာကနေ ကောက်နုတ်ထားတဲ့ အသံဖိုင်ကို နားထောင်ခဲ့ပြီး စကားပြောဆိုမှု ၁၅၃ ခုမှာ Okay Google လို့ညွှန်ကြားထားတဲ့ အသံတွေကို မှတ်တမ်းမတင်ထားသင့်ပါဘူး” လို့ ထုတ်ပြန်ခဲ့ပါတယ်။

VRT NWS ဟာ ပေါက်ကြားထွက်ပေါ်လာတဲ့ အသံဖိုင်တွေမှာ အိပ်ခန်းတွင်း စကားပြောဆိုမှု၊ မိဘနဲ့ သားသမီးအကြား စကားပြောဆိုမှုအပြင် ဒေါသတကြီး ပြောဆိုနေတဲ့ အသံတွေပါဝင်တယ်လို့ ပြောခဲ့ပါတယ်။

စိုးထက်
Ref: Mashable