Google Assistant နဲ့ Xbox One ကိုထိန်းချုပ်နိုင်ဖို့ Microsoft နဲ့ Google ပူးပေါင်းဆောင်ရွက်

Xbox သုံးစွဲသူက ဂိမ်းစက်မှာ Amazon ရဲ့ Alexa နဲ့ Microsoft ရဲ့ Cortana ကို အသုံးပြုနိုင်ပါတယ်။ အခုအခါမှာတော့ Google Assistant ကိုပါ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

Microsoft နဲ့ Google တို့က ကြာသပတေးနေ့မှာ လုပ်ဆောင်ချက် beta ကိုစတင်စမ်းသပ်တော့မယ်လို့ blog post တွေမှာ ရေးသားခဲ့ပါတယ်။ အခု ပေါင်းစပ်မှုက အခြား voice assistant တွေနဲ့ဆင်တူပြီး Xbox အဖွင့်၊ အပိတ် လုပ်နိုင်သလို app တွေနဲ့ ဂိမ်းတွေကို ဖွင့်တာ၊ screenshot ရိုက်တာအပြင် ဂိမ်းဗီဒီယိုတွေကို မှတ်တမ်းတင်တာ၊ play/pause ကိုထိန်းချုပ်တာ အပြင် အသံကိုလည်း ချိန်ညှိလိုက် ပါတယ်။ Xbox သုံးစွဲသူက Microsoft ရဲ့ Google Group ထဲကို Google account နဲ့ဝင်ပြီး Google Home ကတစ်ဆင့် Add, Set up device နဲ့ Have something already set up? ကိုရွေးချယ်ကာ အသုံးပြုနိုင်ပါတယ်။

အဲဒီ setting ကိုဖွင့်ပြီးတာနဲ့ သုံးစွဲသူက Xbox ဂိမ်းစက်ကို Google Assistant ပါဝင်တဲ့ Google ရဲ့ Home နဲ့ iOS ပေါ်က Assistant app တွေ၊ Android ထုတ်ကုန်၊ စမတ်စပီကာ ဒါမှမဟုတ် display ကတစ်ဆင့် ထိန်းချုပ်နိုင်ပါတယ်။ လက်ရှိ မှာ အင်္ဂလိပ်ဘာသာအတွက်ပဲ ထောက်ပံ့ထားပြီး နှစ်ကုန်ပိုင်းမှာ အခြားဘာသာစကားတွေ ထည့်သွင်းဖို့ လုပ်ကိုင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စိုးထက်
Ref: CNET