Google, Apple တို႔နဲ႔ယွဥ္ၿပိဳင္မယ့္ News app ကို Microsoft မိတ္ဆက္

[ Zawgyi ]

Microsoft ဟာ MSN app ကုိ အမည္ေျပာင္းလဲထားတဲ့ Microsoft News app ကို iOS အတြက္ေရာ Android အတြက္ပါ ျဖန္႔ခ်ိလိုက္ပါတယ္။

]MSN app ကို Android နဲ႔ iOS ေပၚမွာ ဆက္သံုးလို႔မရေတာ့ေပမယ့္လည္း ၁၉၉၅ ခုႏွစ္က သတင္းေပၚတယ္တစ္ခုအျဖစ္ လႊင့္တင္ခဲ့တဲ့ MSN.com ဝက္ဘ္ဆုိက္ကေတာ့ ဆက္လက္ရိွေနမွာျဖစ္ပါတယ္။

“Microsoft news ဟာ MSN.com လို ရင္းႏွီးကၽြမ္းဝင္ၿပီးသား ဆိုက္ေတြကို ေထာက္ပံ့ေပးတဲ့ ကၽြန္ေတာ္တို႔ရဲ႕ news engine အတြက္ နာမည္သစ္ျဖစ္ပါတယ္။ Microsoft News app ကို iOS နဲ႔ Android အတြက္ ဒီဇိုင္းေျပာင္းလဲျပင္ဆင္ထားပါတယ္” လို႔ Microsoft News ရဲ႕ အယ္ဒီတာခ်ဳပ္ျဖစ္သူ Rob Bennett က ရွင္းျပခဲ့ပါတယ္။

Microsoft ဟာ လစဥ္ေၾကးေပးရတဲ့ publisher ၁,၀၀၀ ေက်ာ္နဲ႔ သတင္းမီဒီယာ ၃,၀၀၀ အျပင္ လူသားအယ္ဒီတာေတြနဲ႔ artificial intelligence ကေန သတင္းေတြကို စုစည္းေဖာ္ျပေပးမွာျဖစ္ပါတယ္။ Microsoft ရဲ႕ AI ဟာ ေန႔စဥ္ content ေပါင္း ၁၀၀,၀၀၀ ေက်ာ္ကို စစ္ေဆးၿပီး အေၾကာင္းအရာ၊ နာမည္ေက်ာ္ၾကားမႈနဲ႔ သစ္လြင္မႈတို႔ကို ဆံုးျဖတ္ေပးမွာျဖစ္ပါတယ္။ Microsoft News ဟာ ေန႔စဥ္ ထိပ္တန္းသတင္းေတြကို စုစည္းၿပီး မိုဘိုင္း app, MSN.com နဲ႔ အျခားေနရာေတြမွာ ေဖာ္ျပဖို႔အတြက္ ကမၻာတစ္ဝန္းက အယ္ဒီတာ ၈၀၀ ေက်ာ္ကို အသံုးျပဳထားပါတယ္။

ဒီဇိုင္းျပင္ဆင္ထားၿပီး dark mode နဲ႔ ၾကားျဖတ္သတင္း သတိေပးခ်က္တို႔ ပါဝင္တဲ့ Microsoft News app ကို ဒီကေန႔ကစၿပီး iOS နဲ႔ Android ေပၚမွာ အသံုးျပဳႏိုင္ၿပီ ျဖစ္ပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

[ Unicode ]

Microsoft ဟာ MSN app ကို အမည်ပြောင်းလဲထားတဲ့ Microsoft News app ကို iOS အတွက်ရော Android အတွက်ပါ ဖြန့်ချိလိုက်ပါတယ်။

]MSN app ကို Android နဲ့ iOS ပေါ်မှာ ဆက်သုံးလို့မရတော့ပေမယ့်လည်း ၁၉၉၅ ခုနှစ်က သတင်းပေါ်တယ်တစ်ခုအဖြစ် လွှင့်တင်ခဲ့တဲ့ MSN.com ဝက်ဘ်ဆိုက်ကတော့ ဆက်လက်ရှိနေမှာဖြစ်ပါတယ်။

“Microsoft news ဟာ MSN.com လို ရင်းနှီးကျွမ်းဝင်ပြီးသား ဆိုက်တွေကို ထောက်ပံ့ပေးတဲ့ ကျွန်တော်တို့ရဲ့ news engine အတွက် နာမည်သစ်ဖြစ်ပါတယ်။ Microsoft News app ကို iOS နဲ့ Android အတွက် ဒီဇိုင်းပြောင်းလဲပြင်ဆင်ထားပါတယ်” လို့ Microsoft News ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ Rob Bennett က ရှင်းပြခဲ့ပါတယ်။

Microsoft ဟာ လစဉ်ကြေးပေးရတဲ့ publisher ၁,၀၀၀ ကျော်နဲ့ သတင်းမီဒီယာ ၃,၀၀၀ အပြင် လူသားအယ်ဒီတာတွေနဲ့ artificial intelligence ကနေ သတင်းတွေကို စုစည်းဖော်ပြပေးမှာဖြစ်ပါတယ်။ Microsoft ရဲ့ AI ဟာ နေ့စဉ် content ပေါင်း ၁၀၀,၀၀၀ ကျော်ကို စစ်ဆေးပြီး အကြောင်းအရာ၊ နာမည်ကျော်ကြားမှုနဲ့ သစ်လွင်မှုတို့ကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ Microsoft News ဟာ နေ့စဉ် ထိပ်တန်းသတင်းတွေကို စုစည်းပြီး မိုဘိုင်း app, MSN.com နဲ့ အခြားနေရာတွေမှာ ဖော်ပြဖို့အတွက် ကမ္ဘာတစ်ဝန်းက အယ်ဒီတာ ၈၀၀ ကျော်ကို အသုံးပြုထားပါတယ်။

ဒီဇိုင်းပြင်ဆင်ထားပြီး dark mode နဲ့ ကြားဖြတ်သတင်း သတိပေးချက်တို့ ပါဝင်တဲ့ Microsoft News app ကို ဒီကနေ့ကစပြီး iOS နဲ့ Android ပေါ်မှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

-နောင်နောင်
Ref: TheVerge