Google app မှာ Stories ပါဝင်လာ

Google ဟာ iOS နဲ့ Android အတွက် Google app မှာ Stories လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ပါတယ်။ Google app ကို လစဉ် အသုံးပြုသူ သန်း ၈၀၀ ကျော် ရှိပါတယ်။

Google app သုံးစွဲသူတွေက ဝန်ဆောင်မှုမှာ ပါဝင်သူတွေဆီက ရုပ်ပုံ Stories တွေကို ကြည့်နိုင်ပါပြီ။ အဲဒီ Stories မှာ ဗီဒီယိုတွေ၊ ဓာတ်ပုံနဲ့ အသံအပြင် အခြား content လင့်ခ်တွေ ပါဝင်လာပါမယ်။ Google ဟာ ကိုယ်ပိုင် Stories ထုတ်ကုန်ကို ဖန်တီးနေတာ ကြာပါပြီ။

၂၀၁၈ ခုနှစ်တုန်းက AMP Stories တွေကို မိတ်ဆက်ခဲ့ပါတယ်။ မိုဘိုင်း Google Search မှာလည်း Stories တွေကို ပေါင်းစပ်ထားတာကြောင့် Snapchat, Instagram နဲ့ Facebook လိုမျိုး app တွေလိုပဲ Stories တွေကို တွေ့ရပါမယ်။

-စိုးထက်
Ref: TechCrunch

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««