Google App နဲ့ Assistant မှာ Dark mode ပါဝင်

Google ဟာ ကိုယ်ပိုင် app တွေအတွက် dark mode ကိုထောက်ပံ့နေပါတယ်။ အခုဆိုရင်လည်း Android နဲ့ iOS မှာ Google App နဲ့ Assistant အတွက် dark mode ထောက်ပံ့ပေးလိုက်ပါတယ်။

တကယ်လို့ ဖုန်း system မှာ dark အဖြစ်ပြောင်းထားတယ်ဆိုရင် ထောက်ပံ့မှုရရှိမှာ ဖြစ်ပါတယ်။ Dark theme က အဖြူ UI ပုံစံကို မဟူရာနဲ့ အနက်မီးခိုးအဖြစ် အသွင်ပြောင်းပေးမှာ ဖြစ်ပါတယ်။

Dark mode ကို စတင်ဖြန့်ချိလိုက်ပြီ ဖြစ်တာကြောင့် လာမယ့်အပတ်အတွင်း သုံးစွဲသူများစွာဆီ ရောက်ရှိလာမှာပါ။ Android 9 သုံးစွဲသူတချို့ Dark mode မရရှိသေးဘူးလို့ သတင်းထွက်ပေါ်လာပါတယ်။

စိုးထက်
Ref: GSMArena

အင်တာနက်ဂျာနယ်ရဲ့ YouTube Channel ဖြစ်တဲ့ https://www.youtube.com/internetjournaltv မှာလည်း ဗီဒီယိုသတင်းတွေကို ကြည့်ရှုနိုင်တယ်နော် . . .