Google account လုံခြုံအောင် ဘယ်လိုဆောင်ရွက်မလဲ

Digital Shadows ကဖော်ပြတဲ့ အချက်အလက်အတွေအရ ဝက်ဘ်ဆိုက်ပေါ်က အချက်အလက်ပေါက်ကြားမှု ၁၀၀,၀၀၀ ကနေ account password ၁၅ ဘီလျံ ခိုးခဲ့ရပါတယ်။ Password တွေက ၁၅ ဒေါ်လာ ဝန်းကျင် ပေါက်စျေးရှိပါတယ်။ ဘဏ်နဲ့ ဘဏ္ဍာရေး account တွေကတော့ ဒေါ်လာ ၇၀ ဝန်းကျင်ရှိတယ်။

ခိုးယူခံရတဲ့ အီးမေးလ်လိပ်စာနဲ့ password တွေကို စစ်ဆေးနိုင်တဲ့ ဝက်ဘ်ဆိုက်တွေလည်း ရှိပါတယ်။ ကိုယ်ပိုင် အီးမေးလ်လိပ်စာရှင် ကိုယ်တိုင်မသိဘဲ ဟက်ကာနဲ့ လိမ်လည်သူတွေက spam တွေပို့ဖို့ အသုံးပြုနိုင်ပါတယ်။ တကယ်လို့ သူက Google account ပိုင်ဆိုင်သူဆိုရင် ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ အသုံးချခံနေရမလား ဆိုတာ စစ်ဆေးနိုင်ပါတယ်။

လုံခြုံရေးစစ်ဆေးခြင်း

Google ရဲ့ Security Checkup ဝန်ဆောင်မှုက account လုံခြုံရေးနဲ့ sign in ဝင်ထားတဲ့ ထုတ်ကုန်တွေကို စစ်ဆေးနိုင်ပါတယ်။ Google က ‌password ပေါက်ကြားတာ၊ လုံခြုံရေးပြဿနာနဲ့ app ကအချက်အလက်ယူတာ စတဲ့ ကိစ္စတွေကိုလည်း နိုးကြားဖို့ သတိပေးပါမယ်။

(၁) Password အပေါ် Google စစ်ဆေးမှုခံယူခြင်း

အခုလုပ်ဆောင်ချက်ကတော့ account password တွေကို Google စစ်ဆေးမှု ခံယူတာ ဖြစ်ပါတယ်။ Password တွေက ပေါက်ကြားနေတာ လုံခြုံမှုအားနည်းနေရင် ခိုင်မာတဲ့ password ဖန်တီးဖို့ အကြံပေးသွားပါမယ်။ ပြီးတော့ 2FA နည်းလမ်းကိုလည်း အသုံးပြုဖို့ လိုပါတယ်။ 2FA နည်းလမ်းကတော့ မတူညီတဲ့ ထုတ်ကုန်ကနေ log in ပြုလုပ်တဲ့အခါ သုံးရမယ့် code ကို ဖုန်းထဲ ပေးပို့တာ ဖြစ်ပါတယ်။

(၂) ခိုင်မာတဲ့ 2FA နည်းလမ်း အသုံးပြုခြင်း

Google Authenticator app ကတော့ 2FA ကုဒ်ထုတ်ပေးပါတယ်။ 2FA ကုဒ်ကို ဖုန်းကနေ မယူဘဲ app တစ်ဆင့် ရယူတာ ဖြစ်ပါတယ်။ ဘယ်လိုစီစဉ် ဆောင်ရွက်ရမလဲဆိုတာ အောက်မှာ ဖော်ပြပေးပါမယ်။

-ပထမဆုံး iOS နဲ့ Android သင့်တော်တာ တစ်ခုခုနဲ့ Google Authenticator ကို download လုပ်ပါ

-Google account management စာမျက်နှာက Security ကိုနှိပ်ပါ။

-“Signing in to Google” အောက်က 2-Step Verification ကိုနှိပ်ပါ။

-“Add more second steps to verify it’s you” အောက်မှာ “Authenticator app” နဲ့ Set up လုပ်ပေးပါ။ ပြီးတော့ ညွှန်ကြားချက်အတိုင်း လိုက်နာပါတယ်။

-ထုတ်ကုန်ကို ရွေးချယ်ပြီး scan လုပ်လို့ရတဲ့ QR ပေါ်ဖို့ Next နှိပ်ပါ။

-အခုအခါမှာတော့ ဖုန်းပေါ်က Google Authenticator app ကိုဖွင့်ပြီး account အသစ်က “+” သင်္ကေတကို နှိပ်ပါ။

-ဘားကုဒ်ကို Scan လုပ်ဖို့ရွေးချယ်ပါ။ Browser ပေါ်က QR ကုတ်ကို scan ဖတ်ရပါမယ်။ ပြီးရင် ဖုန်းမှာ ဂဏန်း ၆ လုံးပါတဲ့ ကုတ်ပေါ်လာပါမယ်။

-Browser ပေါ်မှာ Next ကိုနှိပ်ပါ။

-Browser ပေါ်မှာ 2FA ကုတ် ဂဏန်း ၆ လုံး ရိုက်ထည့်ပြီး Verify လုပ်လိုက်ရုံပါပဲ။

(၃) ဘယ်အခြေအနေမျိုး မဆို Account ထဲဝင်ရအောင် လုပ်ခြင်း

Account ကိုအသုံးပြုတဲ့အခါ password မေ့တာ ဒါမှမဟုတ် ထုတ်ကုန်အပြောင်းအလဲ‌ ဖြစ်တဲ့အခါ recovery option ကိုသတ်မှတ်ထားနိုင်ပါတယ်။

Android အတွက်

(၁) Android ဖုန်းနဲ့ tablet ပေါ်မှာ Settings > Google > Manage your Google Account ကိုဖွင့်ပါ။

(၂) ထိပ်ဘက် Security ကိုနှိပ်ပါ

(၃) “Ways we can verify it’s you” အောက်က Recovery phone ကိုနှိပ်ပါ။ sign in လုပ်ဖို့ လိုပါမယ်။

iPhone ဒါမှမဟုတ် iPad အတွက်

(၁) iPhone ဒါမှမဟုတ် iPad အတွက် Gmail app ကိုဖွင့်ပါ။

(၂) အဲဒီမှာ three-line menu > Settings > your account > Manage your Google Account ကိုနှိပ်ပါ။ Gmail ကိုအသုံးမပြုရင် myaccount.google.com ကိုသွားပါ။

(၃) Security ကိုနှိပ်ပါ။

(၄) “Ways we can verify it’s you” အောက်က Recovery phone ကိုနှိပ်ပါ။ Sign in ကိုနှိပ်ပါ။

(၄) Account ထဲ sign in လုပ်ဖို့ စစ်ဆေးပါ

Google က log in ဝင်ထားတဲ့ ထုတ်ကုန်တိုင်းကို မှတ်တမ်းတင်ထားပါတယ်။ တစ်ချို့ဖုန်းတွေမှာ sign in ဝင်ထားတဲ့ အခါ မေ့နေရင် အခြားလူတစ်ယောက်က ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အလွယ်တကူ sign out လုပ်လို့ရပါတယ်။

(၁) Google Account ထဲကို သွားပါ။

(၂) ဘယ်ဘက်က Security ကိုရွေးချယ်ပါ။

(၃) Manage devices ကိုရွေးချယ်ပေးပါ။

(၄) လက်ရှိမှာ sign in လုပ်ထားတဲ့ ထုတ်ကုန်တွေ မြင်ရပါမယ်။ အသေးစိတ်ကို ကြည့်ပြီး sign out လုပ်နိုင်ပါတယ်။

(၅) Google ရဲ့ Advanced Protection Program

Google ရဲ့အခိုင်မာဆုံး လုံခြုံရေးအလွှာ ဖြစ်ပါတယ်။ Advanced Protection ကတော့ ဂျာနယ်လစ်၊ တက်ကြွလှုပ်ရှားသူ၊ လုပ်ငန်းဦးစီးနဲ့ အိုင်တီ admin လိုမျိုး အွန်လိုင်းတိုက်ခိုက်မှု ပစ်မှတ်ထားခံရသူတွေ အသုံးပြုသင့်ပါတယ်။ လူတိုင်းလည်း အသုံးပြုလို့ရပါတယ်။

ကိုယ့် Google account ကိုကာကွယ်ဖို့ Google ရဲ့ Advanced Protection စာမျက်နှာမှာ သွားရောက်လေ့လာနိုင်ပါတယ်။

-စိုးထက်
Ref: FoxNews

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««