Google+ သုံးစြဲသူအခ်က္အလက္ေတြကုိ ဧၿပီ ၂ ရက္အတြင္း စတင္ဖ်က္သိမ္းမည္

[ Zawgyi ]

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တုိဘာလက Google ဟာ သုံးစြဲသူေတြရဲ႕ profile အခ်က္အလက္အတြင္းက လုံၿခဳံေရး အားနည္းခ်က္ကို ေတြ႕ရွိၿပီးေနာက္ သုံးစြဲသူေတြအတြက္ Google+ ပိတ္ပင္သြားမယ့္ အစီအစဥ္ကို ေၾကညာခဲ့ပါတယ္။ သိပ္မၾကာခင္မွာပဲ Google+ ဟာ အခ်က္အလက္ေပါက္ၾကားမႈ ျဖစ္ေပၚခဲ့တဲ့အတြက္ သုံးစြဲသူဝန္ေဆာင္မႈကို ဖ်က္သိမ္းမယ့္ကာလကုိ ၄ လေရွ႕တိုးလိုက္ကာ ၂၀၁၉ ခုႏွစ္၊ ဧၿပီလမွာ စတင္သြားမွာ ျဖစ္ပါတယ္။

ေဖေဖာ္ရီလ ၄ ရက္ကစတင္ၿပီး Google+ profile ေတြ၊ စာမ်က္ႏွာေတြ၊ community ေတြ ဒါမွမဟုတ္ event သစ္ေတြကုိ ဖန္တီးႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ျပင္ပ ဝက္ဘ္ဆိုက္မွာရွိၿပီး Google+ ကထုတ္လုပ္ထားတဲ့ မွတ္ခ်က္ေတြကုိေတာ့ Blogger ကေန ေဖေဖာ္ဝါရီလ ၄ ရက္မွာ ဖယ္ရွားသြားမွာပါ။ မတ္လ ၇ ရက္မွာေတာ့ အျခားဆိုက္ေတြက မွတ္ခ်က္ေတြကုိ ဖယ္ရွားမယ္လို႔သိရပါတယ္။ Google+ အသုံးျပဳၿပီး ဝက္ဘ္ဆိုက္ေတြက မွတ္ခ်က္ေတြအားလုံးကို ဧၿပီ ၂ ရက္မွာ ဖ်က္သိမ္းမွာ ျဖစ္ပါတယ္။

ဧၿပီလ ၂ ရက္မွာပဲ Google+ သုံးစြဲသူေတြရဲ႕ အေၾကာင္းအရာအားလုံးကို ဖ်က္သိမ္းမွာပါ။ ဖ်က္သိမ္းမယ့္ အေၾကာင္းအရာေတြထဲမွာ Google+ page ေတြအျပင္ Album Archive အတြင္းက ဓာတ္ပုံနဲ႔ ဗီဒီယိုေတြ ပါဝင္ပါတယ္။ အခ်က္အလက္ မဖ်က္ပစ္ခင္မွာ Google+ အခ်က္အလက္ေတြကို ရယူလိုရင္ေတာ့ archive တစ္ခုလုံးကုိ download လုပ္ရမွာပါ။ သုံးစြဲသူအေနနဲ႔ Google ရဲ႕ support page ကိုသြားေရာက္ၿပီး သတင္းအခ်က္အလက္ကုိ ေလ့လာႏိုင္ပါတယ္။ ဓာတ္ပုံနဲ႔ ဗီဒီယိုေတြကို Google Photos မွာ back up လုပ္ထားရင္ေတာ့ ဖ်က္ခံရတဲ့အထဲ မပါဝင္ႏိုင္ပါဘူး။

ဝက္ဘ္ဆိုက္ေတြနဲ႔ app ေတြထဲကုိ Google+ နဲ႔ sign in ျပဳလုပ္ထားရင္ အဲဒီ ခလုတ္ေတြက အလုပ္ျဖစ္ေတာ့မွာ မဟုတ္ပါဘူး။ တခ်ိဳ႕ေနရာေတြမွာ Google sing-in ခလုတ္တစ္ခုနဲ႔ အစားထိုးသြားမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက Google ဟာ သုံးစွဲသူတွေရဲ့ profile အချက်အလက်အတွင်းက လုံခြုံရေး အားနည်းချက်ကို တွေ့ရှိပြီးနောက် သုံးစွဲသူတွေအတွက် Google+ ပိတ်ပင်သွားမယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ Google+ ဟာ အချက်အလက်ပေါက်ကြားမှု ဖြစ်ပေါ်ခဲ့တဲ့အတွက် သုံးစွဲသူဝန်ဆောင်မှုကို ဖျက်သိမ်းမယ့်ကာလကို ၄ လရှေ့တိုးလိုက်ကာ ၂၀၁၉ ခုနှစ်၊ ဧပြီလမှာ စတင်သွားမှာ ဖြစ်ပါတယ်။

ဖေဖော်ရီလ ၄ ရက်ကစတင်ပြီး Google+ profile တွေ၊ စာမျက်နှာတွေ၊ community တွေ ဒါမှမဟုတ် event သစ်တွေကို ဖန်တီးနိုင်တော့မှာ မဟုတ်ပါဘူး။ ပြင်ပ ဝက်ဘ်ဆိုက်မှာရှိပြီး Google+ ကထုတ်လုပ်ထားတဲ့ မှတ်ချက်တွေကိုတော့ Blogger ကနေ ဖေဖော်ဝါရီလ ၄ ရက်မှာ ဖယ်ရှားသွားမှာပါ။ မတ်လ ရ ရက်မှာတော့ အခြားဆိုက်တွေက မှတ်ချက်တွေကို ဖယ်ရှားမယ်လို့သိရပါတယ်။ Google+ အသုံးပြုပြီး ဝက်ဘ်ဆိုက်တွေက မှတ်ချက်တွေအားလုံးကို ဧပြီ ၂ ရက်မှာ ဖျက်သိမ်းမှာ ဖြစ်ပါတယ်။

ဧပြီလ ၂ ရက်မှာပဲ Google+ သုံးစွဲသူတွေရဲ့ အကြောင်းအရာအားလုံးကို ဖျက်သိမ်းမှာပါ။ ဖျက်သိမ်းမယ့် အကြောင်းအရာတွေထဲမှာ Google+ page တွေအပြင် Album Archive အတွင်းက ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ပါဝင်ပါတယ်။ အချက်အလက် မဖျက်ပစ်ခင်မှာ Google+ အချက်အလက်တွေကို ရယူလိုရင်တော့ archive တစ်ခုလုံးကို download လုပ်ရမှာပါ။ သုံးစွဲသူအနေနဲ့ Google ရဲ့ support page ကိုသွားရောက်ပြီး သတင်းအချက်အလက်ကို လေ့လာနိုင်ပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို Google Photos မှာ back up လုပ်ထားရင်တော့ ဖျက်ခံရတဲ့အထဲ မပါဝင်နိုင်ပါဘူး။

ဝက်ဘ်ဆိုက်တွေနဲ့ app တွေထဲကို Google+ နဲ့ sign in ပြုလုပ်ထားရင် အဲဒီ ခလုတ်တွေက အလုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ တချို့နေရာတွေမှာ Google sing-in ခလုတ်တစ်ခုနဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။

Ref: TheVerge