Google ဝန်ထမ်းတွေကို Zoom အသုံးပြုခွင့်ပိတ်ပင်

Google ဟာ လုံခြုံရေးအရ ဝန်ထမ်းတွေကို Zoom အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။ COVID-19 ကပ်ရောဂါတွင်း ဗီဒီယို chat အတွက် အခမဲ့ အသုံးပြုနိုင်တဲ့ နာမည်ကျော် Zoom ကို လူအများအပြား အသုံးပြုလာကြပြီး လုံခြုံရေးအားနည်းချက်‌တွေလည်း ထွက်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့အပတ်က Google ဟာ Zoom ပိတ်ပင်မှုအတွက် ဝန်ထမ်းတွေဆီ အီးမေးလ်ပို့ထားပြီး Google က ထောက်ပံ့ထားတဲ့ စက်မှာ Zoom ကို install လုပ်ထားသူတွေ အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။ Google ကဝန်ထမ်းတွေက Zoom အစား G Suite တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Meets ကိုအသုံးပြုခိုင်းထားပါတယ်။

COVID-19 ကပ်ရောဂါမဖြစ်ပွားခင်ကတည်းက Zoom မှာ လုံခြုံရေးအားနည်းချက်တွေ ရှိပါတယ်။ Zoom အနေနဲ့ တစ်ကိုယ်ရေအချက်အလက်နဲ့ လုံခြုံရေးကာကွယ်မှု အားနည်းမှုကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ Zoom ရဲ့ macOS အားနည်းချက်က MacBook webcam ကိုအတင်းဖွင့်နိုင်မယ့် Zoom URL အားနည်းချက် ရှိခဲ့ပါတယ်။

စိုးထက်
Ref: TheVerge