Google ရဲ့ messaging ဝန်ဆောင်မှုတွေကို အဖွဲ့တစ်ခုတည်းအဖြစ် ပေါင်းစည်း

နှစ်အနည်းငယ်အတွင်း Google ရဲ့ messaging ဝန်ဆောင်မှုတွေဟာ တစ်ကိုယ်ရေနဲ့ လုပ်ငန်းသုံးတွေ အကြား ကွဲပြားနေပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်း messaging ဝန်ဆောင်မှုတွေကို တိုးချဲ့တာနဲ့ အမှတ်တံဆိပ်ကို ပြန်လည်ဆန်းစစ်တာတွေ လုပ်ခဲ့ပါတယ်။ အဲဒီ messaging app တွေကို G Suite အကြီးအကဲ ဂျာဗီးယားဆိုတာရိုအောက်မှာ ပေါင်းစည်းလိုက်ပြီ ဖြစ်ပါတယ်။

Google Duo, RCS Messages client နဲ့ Android ရဲ့ Phone dialer အပြင် Google Chat, Meet နဲ့ Voice တို့ကို ဂျာဗီးယားဆိုတာရိုက ဦးဆောင်သွားပါမယ်။

ဆိုတာရိုဟာ G Suite ကိုဦးဆောင်ဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက Microsoft ကနေ Google Cloud ဆီပြောင်းရွှေ့လာပါတယ်။ ပြီးခဲ့တဲ့အပတ်တွေမှာ ဆိုတာရိုက Hangouts အမှတ်တံဆိပ်ကို ပယ်ဖျက်လိုက်တာကြောင့် Google Chat နဲ့ Google Meet အမှတ်တံဆိပ်ကို ပြင်ဆင်ခဲ့ပါတယ်။ ကြီးမားတဲ့အပြောင်းအလဲကတောတ့ COVID-19 ကာလအတွင်း Google Meet အသုံးပြုမှုမြင့်တက်လာတာ ဖြစ်ပါတယ်။

ဆိုတာရိုအနေနနဲ့ Cloud ဌာနကို စီမံခန့်ခွဲနေရသေးပြီး Gmail, Drive, Docs နဲ့ ကုမ္ပဏီရဲ့ productivity ထုတ်ကုန်တွေအားလုံးကို ဦးဆောင်နေပါတယ်။ ထုတ်ကုန်တွေကနေ လစဉ်ကြေးပေးသွင်းသူတွေ ရရှိပြီး ပြိုင်ဘက်တွေနဲ့ ဆက်လက်ယှဉ်ပြိုင်နိုင်အောင် လုပ်ဆောင်နေပါတယ်။ ဆိုတာရိုဟာ ဟီရိုရှီလော့ဟိုင်းမား ဦးဆောင်အဖွဲ့ထဲ ပါဝင်လာပြီ ဖြစ်ပါတယ်။

Google ရဲ့ထုတ်ပြန်ချက်အရ G Suite အထွေထွေမန်နေဂျာနဲ့ ဒုဥက္ကဋ္ဌ ဂျာဗီးယားဆိုတာရိုက ဆက်သွယ်ရေးထုတ်ကုန်အားလုံးကို ဦးဆောင်သွားပါမယ်။ ဒါပေမဲ့ ဂျာဗီးယားက Platforms နဲ့ Ecosystems အကြီးတန်းဒုဥက္ကဋ္ဌ ဟီရိုရှီလော့ဟိုင်းမား အောက်က ဦးဆောင်အဖွဲ့မှာ ရှိနေတဲ့အတွက် Cloud ဌာနထဲမှာ ရှိပါသေးတယ်။

စိုးထက်
Ref: 9to5Google