
Google ဟာ ထုတ်ကုန်သစ် ၂ မျိုးကို FCC မှာလျှောက်ထားခဲ့ပါတယ်။ အဲဒီထဲက ထုတ်ကုန်တစ်ခုကတော့ Android TV နဲ့ဆက်စပ်တဲ့ ထုတ်ကုန်ဖြစ်ပါတယ်။
Google အနေနဲ့ Sabrina အမည်ရတဲ့ TV dongle တစ်မျိုးကို လုပ်ကိုင်နေတယ်လို့ XDA Developers ကဖော်ပြခဲ့ပါတယ်။ အဲဒီထုတ်ကုန်ကို Android TV နဲ့သမားရိုးကျ remote နဲ့ထိန်းချုပ်နိုင်တဲ့ UI ကို အသုံးပြုနိုင်ပါမယ်။ ဒါ့အပြင် Wi-Fi နဲ့ Bluetooth ထောက်ပံ့မှုလည်း ပါဝင်လာနိုင်ပါတယ်။ Sabrina ထုတ်ကုန်မှာ remote control ပါဝင်မယ်လို့ 9to5Google က ခန့်မှန်းခဲ့ပါသေးတယ်။
-စိုးထက်
Ref: TheVerge
စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ