Google မှာမရှာသင့်တဲ့ keyword တွေ

အားလုံးသိကြတဲ့အတိုင်းပဲ Google ဟာ ယနေ့ခေတ်ရဲ့ အသုံးဝင်ဆုံး search engine တစ်ခုဖြစ်တယ်။ နေ့စဉ်ဘဝထဲက စူးစမ်းလိုတဲ့ အကြောင်းကိစ္စတွေကို အလွယ်တကူ ရှာဖွေနိုင်တယ်။ မမျှော်လင့်ဘဲနဲ့ Google ရှာဖွေမှုတွေ ပြုလုပ်တဲ့အခါ သုံးစွဲသူကိုယ်တိုင် တွန့်ဆုတ်သွားနိုင်တဲ့ အကြောင်းအရာတွေ ရှိတတ်ပါတယ်။ တချို့ကိစ္စတွေက ထူးဆန်း အံ့ဩစရာကောင်းသလို သုံးစွဲသူ ကိုယ်တိုင် သတိမမူမိတဲ့ ကြောက်ရွံ့မှုနဲ့ ကြုံရတတ်ပါတယ်။ ဆိုးဆိုးဝါးဝါး ကြောက်ရွံ့တုန်လှုပ်တဲ့အထိ ဖြစ်ပေါ်နိုင်ပါတယ်။ Google မှာသွားမထိသင့်တဲ့ ကိစ္စတွေရှိပါတယ်။ ဒီ keyword ကိုစူးစမ်းလိုရင်တော့ သတိနဲ့ယှဉ်ပြီး သုံးဖို့ အကြံပေးလိုပါတယ်။

‘Huntsman Spider’

ပင့်ကူကြောက်သူတွေ မရှာသင့်တဲ့ keyword ပါပဲ။ ခြေတံရှည်ပင့်ကူတွေက ကြွက်ကို ဝါးမြိုတဲ့ဓာတ်ပုံကို မြင်ရတာ အသည်းယားဖို့ ကောင်းပါတယ်။

‘Snapewives’

ဟယ်ရီပေါ်တာပရိသတ်အကြီးစား အဖွဲ့ငယ်တစ်ခုက သူတို့က သဘာဝလွန်နက္ခတ်နဲ့ ပရော်ဖက်ဆီဗရက်စနိပ်နဲ့ လက်ထပ်ထားတယ်လို့ ယုံကြည်ကြပါတယ်။ စိတ်ကူးကတော့ ဆန်းကြယ်ပါတယ်။

‘Pressure cooker bombs’ with ‘backpacks’

၂၀၁၃ ခုနှစ်မှာ ဆက်ဖို့နယ်မြေက လူတစ်ယောက်က အလုပ်ကွန်ပျူတာကနေ “pressure cooker bombs” and “backpacks” ဆိုတာကို Google မှာရှာလိုက်ပါတယ်။

ချက်ချင်းဆိုသလိုပဲ ရဲတွေ ရောက်လာပါတယ်။ ရဲကတော့ ဒီလူဟာ ရာဇဝတ်ကောင်မဟုတ်ဘဲ စူးစမ်းချင်စိတ်နဲ့ ရှာတာလို့ ဆုံးဖြတ်လိုက်ပါတယ်။ သူကတော့ တစ်ဘဝလုံးစာအတွက် နောင်တရသွားလောက်ပါပြီ။

‘Botfly removal’

အရေပြားအောက်က အသွေးအသား စုပ်ယူတဲ့ လောက်ကပ်ပါးပိုးကို ဖယ်ရှားတဲ့ ဗီဒီယိုက ကြည့်ချင်စရာမကောင်းပါဘူး။

‘Red pill’

Matrix ရုပ်ရှင်ထဲက အချက်အလက်ကို သိရဖို့ Red pill လို့ရိုက်လိုက်ရင် အမျိုးသားအခွင့်အရေး လှုပ်ရှားမှုအကြောင်း ပေါ်လာမှာပါ။ ဝေဖန်ရေးသမားတွေက မိန်းမမုန်းတဲ့လှုပ်ရှားမှုလို့ ခေါ်ကြပါတယ်။

‘Mouth larva’

ပိုးဖလံလောင်းဘဝက ပုံတွေကို ရှာဖွေဖို့ moth အစား mouth လို့မှားမရိုက်မိစေဖို့ သတိပြုသင့်ပါတယ်။ အိမ်တွေမှာ ရှိတတ်တဲ့ ပိုးမွှားတိရစ္ဆာန်တွေ သွားကြားမှာ တွန့်လူးနေတဲ့ပုံတွေ မြင်ရမှာပါ။ မြင်တွေ့ရတဲ့ မှတ်ဉာဏ်ကို ဘယ်တော့မှ ဖျောက်ဖျက်ပစ်နိုင်မှာ မဟုတ်ပါဘူး။

‘Jiggers’

Jigger ဆိုတာက ဘားမန်းတွေ သုံးတဲ့ ဖျော်ရည်စပ်အရာတစ်ခုပါ။ Jigger flea ဆိုတာက အသားအရေတွေထဲ သွားလာပြီး ဥဥချတဲ့ အကောင်တစ်မျိုးပါ။

‘Insider trading in an international account’

၂၀၁၇ ဇူလိုင်လမှာ ရဲက MIT သုတေသီ ဖေရန်ကို ထိန်းသိမ်းခဲ့တယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရတော့ သူဟာ စတော့တွ မဝယ်ခင် Google မှာ ‘Insider trading in an international account’ ဆိုပြီး ရှာဖွေခဲ့ပါတယ်။ ရန်ဟာ လိမ်လည်မှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ ဖက်ဒရယ်ရှေ့နေတွေက စတော့တွေကနေ တရားမဝင်တဲ့အမြတ်ငွေ ဒေါ်လာ ၁၂၀,၀၀၀ ရယူခဲ့တယ်လို့ ပြောခဲ့တယ်။

‘Brazilian Girls’

Brazilian Girls အဖွဲ့ပရိသတ်တွေက band နာမည်ကို ရှာလိုက်တာနဲ့ တင်ပါးပုံတွေ တွေ့ရပါမယ်။

‘Bedbugs’

ခရီးမသွားခင်မှာ ခရီးစဉ်အကြောင်းနဲ့ အိပ်ရာတွေထဲ ပုန်းခိုတတ်တဲ့ ကြမ်းပိုးတွေအကြောင်း လေ့လာတာက မမှားပါဘူး။ ဒါပေမဲ့ ဖတ်နေတဲ့အချိန်မှာပဲ သင့်အပေါ် ဖိစီးလာပါလိမ့်မယ်။

‘Murder Island Thailand’

ပြီးခဲ့တဲ့ ၃ နှစ်အတွင်း Koh Tao အပန်းဖြေကျွန်းငယ်မှာ အငြင်းပွားဖွယ် အခြေအနေတွေနဲ့ ခရီးသွား ၇ဦးသေဆုံးခဲ့ပါတယ်။ Google မှာ keyword အတိုင်းရှာဖတ်လိုက်တာနဲ့ ခြောက်ခြားဖွယ် အာရုံဖမ်းစားနိုင်မယ့် ဇာတ်လမ်းကို ဖတ်ရှုရမှာပါ။

‘Blue waffle’

၂၀၁၀ မှာ blue waffle ရောဂါလို့ခေါ်တဲ့ သတင်းမှားတစ်ခု ပျံ့နှံ့နေပါတယ်။ အမျိုးသမီးလိင်အင်္ဂါမှာ ရောဂါဖြစ်ပွားနေတဲ့ ဓာတ်ပုံတွေ (photoshop နဲ့ပြုပြင်ထား) အင်တာနက်မှာ ထွက်လာပါတယ်။ ၂၀၁၃ မှာ နယူးဂျာစီမြို့ ကောင်စီအဖွဲ့ဝင် ကေသီမက်ဘရိုက်က ကပ်ရောဂါအဖြစ် သတ်မှတ်ဖို့ လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ မက်ဘရိုက်ဟာ ဧပြီ ၁ ရက်ဆိုတဲ့ ရက်စွဲကို သတိမပြုမိခဲ့ပါဘူး။

‘I Love Dick’

စမန်သာဘီရဲ့ တီဗီစီးရီးလိုပဲ ‘I love Dick’ ဆိုတဲ့ စီးရီးခေါင်းစဉ်က Google မှာရှာဖွေတဲ့အခါ မတော်မလျော်ဓာတ်ပုံတွေ တက်လာတတ်ပါတယ်။

‘Full Frontal’

 

စမန်သာဘီရဲ့ ဟာသအစီအစဉ် Full Frontal ကို Google မှာရှာဖွေချင်ရင်တော့ မတော်မလျော်တွေ ထွက်မလာအောင် Safe Search ကိုဖွင့်ထားသင့်ပါတယ်။

‘Things people have found in fast food’

အသင့်စား အစားအသောက်တွေထဲမှာ ကုန်မာပစ္စည်းတွေကနေ ကြက်ခေါင်းတစ်ခုလုံးအထိ တွေ့တယ်လို့ ပြောနေကြပါတယ်။ အဲဒီအကြောင်းအရာကို ဖတ်ရှုမယ်ဆိုရင် အစားအသောက်စားချင်စိတ် ပျောက်ဆုံးသွားနိုင်ပါတယ်။

Belly button bugs

Belly button ဆိုတာက အမြဲစိမ်းသစ်တောမှာ တွေ့ရတတ်တဲ့ ဘက်တီးရီးယားဖြစ်ပါတယ်။ Belly button bug လိုရှာလိုက်ရင် ချက်တစ်ဝိုက်ဖြစ်တတ်တဲ့ အနာနဲ့ ပိုးကိုက်ရာတွေကို တွေ့ရမှာပါ။

‘Everything Facebook knows about you’

Facebook က ခင်ဗျားချစ်သူနဲ့ လမ်းခွဲတော့မှာ ဒါမှမဟုတ် ကိုယ်ဝန်ရှိတာအထိပါ ခန့်မှန်းနိုင်တယ်လို့ ပြောကြပါတယ်။ Facebook က ကာယကံရှင်ထက်တောင် ကြိုသိနိုင်ပါတယ်။

‘No sleep’

အိပ်မပျော်လို့ no sleep လို့ Google မှာရှာဖွေတဲ့အခါ သတိထားသင့်ပါတယ်။ Reddit မှာလည်း အလားတူ နာမည်မျိုးနဲ့ ကြောက်စရာဇာတ်လမ်း ဖိုရမ်တစ်ခု ရှိပါတယ်။

‘Calculus bridge’

အထက်တန်းကျောင်းသားတွေ ရင်းနှီးတဲ့ သင်္ချာအသုံးအနှုန်းနဲ့တူပေမယ့် သွားဖက်ဆိုင်ရာမှာတော့ ရောဂါတစ်မျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

[Your favorite thing] + ‘cancer’

စိတ်ကြိုက်အရာမျိုးစုံ ပီဇာကနေ အသားကင်ကို ကင်ဆာစကားလုံးနဲ့ တွဲပေးလိုက်ရင် သတင်းအတိုအစနဲ့ ရောဂါတစ်မျိုးမျိုးကို တွေ့ရမှာပါ။

Whatever medical symptom you have right now

သင်က မနာမကျန်းဖြစ်နေရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။ ဒါမှမဟုတ်ဘဲ ဖြစ်နေတဲ့ ရောဂါလက္ခဏာအပေါ် မူတည်ပြီး Google နဲ့သုတေသနလုပ်လိုက်ရင် သာမန်အစာအိမ်အောင့်တာက ကင်ဆာဖြစ်နိုင်လားဆိုတဲ့အထိ စိတ်ဒုက္ခပေးနိုင်ပါတယ်။

‘FDA Defect Levels Handbook’

အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးက အစားအသောက်အတွင်း တရားဝင်ခွင့်ပြုထားတဲ့ အမွှေးအမှင်နဲ့ မသတီစရာတွေ အများဆုံးပါဝင်မှု ပမာဏကို အသေးစိတ် ထုတ်ပြန်တတ်ပါတယ်။ စိတ်ခိုင်တဲ့သူတွေဆို ရှာဖွေဖတ်ရှုနိုင်ပါတယ်။

‘L-Cysteine in food’

L-Cysteine ဟာ စီးပွားဖြစ် ပေါင်မုန့်ထုတ်လုပ်တဲ့အခါ အသုံးပြုပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက ဆလွန်းကြမ်းပြင်ပေါ်က ကောက်သိမ်းထားတဲ့ ဆံပင်ကနေ ထုတ်လုပ်ထားဖြစ်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ်ကို လုံးဝမရှောင်နိုင်ရင်တော့ အခုအကြောင်းအရာကို မဖတ်တာကောင်းပါတယ်။

-စိုးထက်
Ref: CNET