Google ထက္ တန္ဖိုးျမင့္တက္လာတဲ့ Microsoft

[ Zawgyi ]

Microsoft ရဲ႕ ေဈးကြက္တန္ဖိုးဟာ ၃ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ Google (Alphabet) ကို ေက်ာ္လြန္သြားတယ္လို႔ CNBC က ေဖာ္ျပခဲ့ပါတယ္။

Microsoft ရဲ႕ေဈးကြက္တန္ဖိုးဟာ ေဒၚလာ ၇၅၃ ဘီလ်ံရွိလာၿပီး Alphabet ကေတာ့ ေဒၚလာ ၇၃၉ ဘီလ်ံပဲ ရွိပါတယ္။ ဒါေၾကာင့္ Microsoft ဟာ Apple နဲ႔ Amazon ရဲ႕ေနာက္ ကမ႓ာ့တတိယေျမာက္ တန္ဖိုးအရွိဆုံး ကုမၸဏီ ျဖစ္လာပါတယ္။

ဒါေပမဲ့ Google အေပၚ Microsoft ေက်ာ္တက္မႈဟာ ယာယီပဲ ျဖစ္ႏို္င္ပါတယ္။ မူလတုန္းက Google ဟာ ၂၀၁၂ အတြင္း Microsoft ရဲ႕အထက္မွာ ရပ္တည္ခဲ့ပါတယ္။ Google နဲ႔ Microsoft ကုမၸဏီႏွစ္ခုဟာ ႏွစ္အနည္းငယ္အတြင္း အႀကိမ္ေပါင္းမ်ားစြာ ေဈးကြက္တန္ဖိုးျဖတ္မႈ စာရင္းမွာ အျပန္အလွန္ ေနရာအလႊဲအေျပာင္း ျပဳလုပ္ခဲ့ပါတယ္။

Microsoft အမႈေဆာင္အရာရွိခ်ဳပ္ေဟာင္း စတိဗ္ေဘာလ္မာ ရာထူးက ထြက္ခြာၿပီးေနာက္မွာ ၅ ႏွစ္ေက်ာ္ အတြင္း ကုမၸဏီရဲ႕စေတာ့ရွယ္ယာေဈးႏႈန္း တုိးတက္လာပါတယ္။

လြန္ခဲ့တဲ့ ၄ ႏွစ္ေက်ာ္က ကုမၸဏီကို အမႈေဆာင္အရာရွိခ်ဳပ္ ဆတ္ရာနာဒယ္လာ ကုိင္တြယ္အၿပီးမွာ Microsoft ရဲ႕ စေတာ့ရွယ္ယာေဈးႏႈန္းဟာ ႏွစ္ဆေက်ာ္ တိုးတက္လာပါတယ္။ နာဒယ္လာဟာ Microsoft ကို cross-platform နည္းပညာေတြအျပင္ cloud, artificial intelligence အေပၚ ျပန္လည္အာ႐ုံစိုက္ခဲ့ၿပီး quantum computing နဲ႔ mixed reality headset ေတြရဲ႕ အနာဂတ္ကို ပုံေဖာ္လိုေနပါတယ္။ Microsoft ရဲ႕က်႐ႈံးခဲ့တဲ့ Windows Phone ကို နာဒယ္လာက ဖ်က္သိမ္းခဲ့သလို Windows အေျချပဳအယူအဆကေန ဖယ္ခြာခဲ့ပါတယ္။

လက္ရွိမွာ Microsoft ဟာ Apple ရဲ႕ေဈးကြက္တန္ဖိုးျဖတ္မႈ ေဒၚလာ ၉၂၃ ဘီလ်ံနဲ႔ လုပ္ငန္းေပါင္းမ်ားစြာက ဝင္ေငြေတြရရွိေနတဲ့ Amazon ရဲ႕ ေဒၚလာ ၇၈၂ ဘီလ်ံတို႔ အေနာက္မွာ ရပ္တည္ေနပါတယ္။ Google ဟာ ေၾကာ္ျငာကေန ဝင္ေငြရဲ႕ ၉၀ ရာခိုင္ႏႈန္းကို ရရွိေနပါတယ္။ Apple ရဲ႕စုစုေပါင္း ဝင္ေငြ ၆၀ ရာခိုင္ႏႈန္းကိုေတာ့ iPhone ကေန ရရွိေနပါတယ္။ Microsoft ရဲ႕လက္ရွိ သုံးလပတ္အတြင္း Windows Surface နဲ႔ gaming ဌာနက ဝင္ေငြ ၃၅ ရာခိုင္ႏႈန္း ရွာေဖြေပးႏိုင္ခဲ့ၿပီး cloud က႑က ၃၀ ရာခိုင္ႏႈန္းနဲ႔ Office နဲ႔ productivity အပုိင္းက ၃၀ ရာခိုင္ႏႈန္း အသီးသီး ရွာေဖြေပးခဲ့ၾကပါတယ္။

စိုးထက္
Ref: TheVerge

=========

[ Unicode ]

Google ထက် တန်ဖိုးမြင့်တက်လာတဲ့ Microsoft

=========

Microsoft ရဲ့ ဈေးကွက်တန်ဖိုးဟာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် Google (Alphabet) ကို ကျော်လွန်သွားတယ်လို့ CNBC က ဖော်ပြခဲ့ပါတယ်။

Microsoft ရဲ့ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ရ၅၃ ဘီလျံရှိလာပြီး Alphabet ကတော့ ဒေါ်လာ ရ၃၉ ဘီလျံပဲ ရှိပါတယ်။ ဒါကြောင့် Microsoft ဟာ Apple နဲ့ Amazon ရဲ့နောက် ကမ႓ာ့တတိယမြောက် တန်ဖိုးအရှိဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။

ဒါပေမဲ့ Google အပေါ် Microsoft ကျော်တက်မှုဟာ ယာယီပဲ ဖြစ်နို်င်ပါတယ်။ မူလတုန်းက Google ဟာ ၂၀၁၂ အတွင်း Microsoft ရဲ့အထက်မှာ ရပ်တည်ခဲ့ပါတယ်။ Google နဲ့ Microsoft ကုမ္ပဏီနှစ်ခုဟာ နှစ်အနည်းငယ်အတွင်း အကြိမ်ပေါင်းများစွာ ဈေးကွက်တန်ဖိုးဖြတ်မှု စာရင်းမှာ အပြန်အလှန် နေရာအလွှဲအပြောင်း ပြုလုပ်ခဲ့ပါတယ်။

Microsoft အမှုဆောင်အရာရှိချုပ်ဟောင်း စတိဗ်ဘောလ်မာ ရာထူးက ထွက်ခွာပြီးနောက်မှာ ၅ နှစ်ကျော် အတွင်း ကုမ္ပဏီရဲ့စတော့ရှယ်ယာဈေးနှုန်း တိုးတက်လာပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ကုမ္ပဏီကို အမှုဆောင်အရာရှိချုပ် ဆတ်ရာနာဒယ်လာ ကိုင်တွယ်အပြီးမှာ Microsoft ရဲ့ စတော့ရှယ်ယာဈေးနှုန်းဟာ နှစ်ဆကျော် တိုးတက်လာပါတယ်။ နာဒယ်လာဟာ Microsoft ကို cross-platform နည်းပညာတွေအပြင် cloud, artificial intelligence အပေါ် ပြန်လည်အာရုံစိုက်ခဲ့ပြီး quantum computing နဲ့ mixed reality headset တွေရဲ့ အနာဂတ်ကို ပုံဖော်လိုနေပါတယ်။ Microsoft ရဲ့ကျရှုံးခဲ့တဲ့ Windows Phone ကို နာဒယ်လာက ဖျက်သိမ်းခဲ့သလို Windows အခြေပြုအယူအဆကနေ ဖယ်ခွာခဲ့ပါတယ်။

လက်ရှိမှာ Microsoft ဟာ Apple ရဲ့ဈေးကွက်တန်ဖိုးဖြတ်မှု ဒေါ်လာ ၉၂၃ ဘီလျံနဲ့ လုပ်ငန်းပေါင်းများစွာက ဝင်ငွေတွေရရှိနေတဲ့ Amazon ရဲ့ ဒေါ်လာ ရ၈၂ ဘီလျံတို့ အနောက်မှာ ရပ်တည်နေပါတယ်။ Google ဟာ ကြော်ငြာကနေ ဝင်ငွေရဲ့ ၉၀ ရာခိုင်နှုန်းကို ရရှိနေပါတယ်။ Apple ရဲ့စုစုပေါင်း ဝင်ငွေ ၆၀ ရာခိုင်နှုန်းကိုတော့ iPhone ကနေ ရရှိနေပါတယ်။ Microsoft ရဲ့လက်ရှိ သုံးလပတ်အတွင်း Windows Surface နဲ့ gaming ဌာနက ဝင်ငွေ ၃၅ ရာခိုင်နှုန်း ရှာဖွေပေးနိုင်ခဲ့ပြီး cloud ကဏ္ဍက ၃၀ ရာခိုင်နှုန်းနဲ့ Office နဲ့ productivity အပိုင်းက ၃၀ ရာခိုင်နှုန်း အသီးသီး ရှာဖွေပေးခဲ့ကြပါတယ်။

စိုးထက်
Ref: TheVerge